ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လတ်တလောအကြမ်းဖက်ဖြစ်စဉ်များကြောင့်မန္တလေးတိုင်းဒေသကြီးအတွင်းခရိုင်၊မြို့နယ် များသို့တိမ်းရှောင်ရောက်ရှိနေသောတိုက်ပွဲရှောင်၊နေရပ်စွန့်ခွာသူများအားဆန်ရိက္ခာဖိုးနှင့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကိုမန္တလေးမြို့၊ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ (၂၈-၃-၂၀၂၄) ရက်နေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ညွှန်ကြားရေးမှူးချုပ်များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသောအခြေအနေများနှင့်‌ထောက်ပံ့ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီးတိုင်းဒေသကြီးအတွင်း ရာသီအလိုက်ဖြစ်ပွားတတ်သည့်သဘာဝဘေးအန္တရာယ်များနှင့်ယခုအခါ ပူပြင်းသောနွေရာသီကာလသို့ရောက်ရှိနေပြီဖြစ်၍ မိုးလေဝသနှင့် ဇလဗေဒဖြစ်စဉ်များကြောင့် ကြုံတွေ့ရနိုင်သည့် လေပြင်းတိုက်ခတ်မှု၊ အပူချိန်လွန်ကဲမှုစသည့်သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းပြီး သတိပြုလိုက်နာနေထိုင်ကြရန်တို့ကို တိုက်ပွဲရှောင်ပြည်သူများအား ရှင်းလင်းမှာကြားပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ပေးနေမှုများ၊ စီစဉ်ဆောင်ရွက်ထားရှိပေးမှုများကို ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေကျပ်(၅၆၅.၉၂)သိန်းနှင့်ကျပ်(၁၈၄)သိန်းကျော်တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊တိုက်ပွဲရှောင်ပြည်သူများအနက်မှ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်ကြသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၅) နှစ်အောက်ကလေးငယ်များ၊ မသန်စွမ်းသူများ၊ အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးသူများ စုစုပေါင်း(၁၂၄)ဦးအတွက်ငွေကျပ်(၃၇)သိန်းကျော်တို့ကိုထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည်အမရပူရမြို့နယ်၊မဟာဂန္ဓာရုံကျောင်းတိုက်ရှိတိုက်ပွဲရှောင်စုရပ်သို့သွားရောက်ကာတိုက်ပွဲရှောင်ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီးထောက်ပံ့ငွေများပေးအပ်၍လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ယနေ့ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ်(၇၈၆.၉၂)သိန်းကျော်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်းမြန်မာနိုင်ငံတစ်ဝန်းတွင်ဖြစ်ပွားသည့်မီးဘေး၊လေဘေး၊ရေဘေးစသည့်သဘာဝဘေးအန္တရာယ်များနှင့်လတ်တလောအကြမ်းဖက်ဖြစ်စဉ်များကြောင့်ဘေးသင့်ပြည်သူများအတွက်ငွေကျပ်(၃၂၈၉)သန်းကျော်တန်ဖိုးရှိရန်ပုံငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများအားထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မန္တလေး မြို့နားမကြားသောကလေးများကျောင်းတွင် (၁၁)လတာဖွင့်လှစ်သင်ကြားခဲ့သော မြန်မာစံလက်သင်္ကေတပြသာသာစကား ကူညီပံ့ပိုးသူများသင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ လူဦးရေ၏ (၁၂)%သည် မသန်စွမ်းသူများ ဖြစ်ပါကြောင်း၊ ယင်းတို့အနက် နားမကြားသောကလေးများအတွက် လက်သင်္ကေတပြဘာသာစကားသည် လူမှုဆက်ဆံရေး၊ ပညာသင်ကြားရေးအပါအဝင် ၎င်းတို့၏လူနေမှုဘဝတစ်လျှောက်လုံးအတွက် လွန်စွာအရေးကြီးပါကြောင်း၊ လက်သင်္ကေတပြဘာသာစကားနှင့်စပ်လျဉ်း၍ ကူညီပံ့ပိုးသူများနှင့် နားမကြားသော ကလေးများအတွက် အခြေခံလိုအပ်သော စာအုပ်များကိုလည်း နှစ်အလိုက် ထုတ်ဝေဖြန့်ဖြူးပေးလျှက်ရှိပါကြောင်း၊ သင်တန်းတွင် သင်ကြားခဲ့ရသော အတွေ့အကြုံ၊ ကျွမ်းကျင်မှုများကို အရင်းခံ၍ လက်သင်္ကေတပြဘာသာစကားဖြင့် အကြားအာရုံချို့တဲ့သူများအတွက် ကြိုးစားဆောင်ရွက်ပေးကြစေလိုပါကြောင်းနှင့် အခြားသော စိတ်ပါဝင်စားသူများကိုလည်း ထပ်ဆင့်ဖြန့်ဝေပေးစေလိုပါကြောင်းတို့ကို အကျယ်တစ်ဝင့်တိုက်တွန်းမှာကြားပြီး သင်တန်းသားတစ်ဦးချင်းစီကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

သင်တန်းသို့ ပြန်ကြားရေးဝန်ကြီးဌာနမှသင်တန်းသား (၃)ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သင်တန်းသား (၂၁)ဦး၊ စုစုပေါင်းသင်တန်းသား (၂၄) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် ပဉ္စမအကြိမ်မြောက်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagiအားလက်ခံတွေ့ဆုံ
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidအားလက်ခံတွေ့ဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သောရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများအတွက် ရုရှား-မြန်မာစီးပွားရေးကောင်စီ(Russian-Myanmar Business Council-RMBC) မှ အမေရိကန်ဒေါ်လာ(၅,၀၀၀)လှူဒါန်းခြင်း

MOS

DSW

DDM

DOR