ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တစ်ခုတည်းသော အာဆီယံ၊ တစ်ခုတည်းသောတုံ့ပြန်မှု (One ASEAN One Response-OAOR Roadshow) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် AHA Centre တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားကို Video Message ဖြင့် ပြောကြားရာတွင် One ASEAN One Response ကြေညာစာတမ်းကိုအာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management- ACDM)နှင့်  AHA Centre တို့က အကောင်အထည်ဖော်ဆောင်ရွက် နေပါကြောင်း၊အာဆီယံဒေသတွင်းနိုင်ငံများမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနယ်ပယ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် အစိုးရနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအားလုံး ဘေးတုံ့ပြန်ရေးလုပ်ငန်းများကို ရင်းနှီးကျွမ်းဝင်စွာဖြင့် စနစ်တကျလုပ်ဆောင်နိုင်ရေးသည် အရေးကြီးသဖြင့် ယခု OAOR Roadshow ကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်းဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်မိုခါမုန်တိုင်းနှင့် ၂၀၂၄ ခုနှစ်ရာဂီမုန်တိုင်း၏သက်ရောက်မှုကြောင့် ရေကြီး‌ရေလျှံမှုများဖြစ်စဉ်များတွင် နိုင်ငံတော်မှ ထိရောက်သည့် တုံ့ပြန်ရေးလုပ်ငန်းများ၊ စီမံခန့်ခွဲမှုများဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် အာဆီယံသည် AHA Centre မှတစ်ဆင့် ဘေးသင့်သူများအတွက်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာကူညီပံ့ပိုးခြင်းများအတွက် နိုင်ငံတော်နှင့် ဘေးသင့်သူများကိုယ်စားကျေးဇူးတင်ပါကြောင်းနှင့်အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုသည် အာဆီယံ၏ One ASEAN One Responseကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းပင်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်အားလည်းကောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက အာဆီယံ၏ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများအားလည်းကောင်း၊ AHA Centre က အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အာဆီယံကရေးဆွဲထားရှိသောစံသတ်မှတ် ထားသောလုပ်ထုံးလုပ်နည်းများ(SASOP)အားလည်းကောင်း၊ အာဆီယံဆက်ဆံရေးရုံးနှင့်  အင်ဒိုနီးရှားနိုင်ငံ UNOCHA က အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT)နှင့်ကုလသမဂ္ဂသဘာဝဘေးအန္တရာယ် ဆန်းစစ်လေ့လာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (UNDAC) အဖွဲ့တို့၏လုပ်ငန်းဆောင်ရွက်မှုအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ ကြပါသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးကြည်ကနိဂုံးချုပ်အမှာစကားပြောကြား၍ ရုပ်သိမ်းခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဦးစီးဌာနမှကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံရုံးများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာလူသားချင်းစာနာ အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre)UNOCHA ၏ အာဆီယံဆက်ဆံရေးရုံးနှင့် အင်ဒိုနီးရှားနိုင်ငံရုံးအကြီးအကဲနှင့် အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR