ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၊မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)၌စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို (၁၀-၁-၂၀၂၄)ရက်နေ့၊နံနက်(၉)နာရီတွင်ကျိုင်းတုံမြို့ရှိမူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့်၂၀၁၈ခုနှစ်မှ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလအထိစခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၄၀)ကြိမ်၊ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၁၈)ကြိမ်၊စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၂၆)ကြိမ်နှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာစွမ်းရည်မြှင့်သင်တန်း(၃)ကြိမ်တို့ကိုဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ယခုဖွင့်လှစ်သည့်သင်တန်းအတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ စားသောက်ဖွယ်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများနှင့်မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့မှထောက်ပံ့ငွေများ ပေးအပ်မှုအတွက်ကျေးဇူးတင်ရှိပါကြောင်း၊သင်တန်းများတွင်စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်းနှင့်အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးခြင်းတို့ကိုသင်ကြားပေးလျှက်ရှိပါကြောင်း၊မူးယစ်ဆေးသုံးစွဲမှုလျော့နည်းစေရေးနှင့်မူးယစ်ဆေးသုံးစွဲမှုကင်းစင်ရေးတို့အတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊လူငယ်များကိုအသိပညာပေးရုံသာမကပြည်သူလူထုနှင့်ဌာနဆိုင်ရာများကလည်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

အစီအစဉ်အရတြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဥက္ကဋ္ဌပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)နှင့်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှစားသောက်ဖွယ်ရာများ၊  ထောက်ပံ့ငွေနှင့်အားကစားပစ္စည်းများပေးအပ်ခဲ့ရာစခန်းမန်နေဂျာမှလက်ခံရယူခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်သင်တန်းသားများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး သင်တန်းသားအိပ်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်သင်တန်းသားများ၊စုစုပေါင်း၁၀၀ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကိုသင်တန်းသား(၃၀)ဦးဖြင့်သင်တန်းကာလရက်(၉၀)ကြာဖွင့်လှစ်လျက်ရှိပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် New Humanity Myanmar (NHM) တို့ပူးပေါင်းဖွင့်လှစ်သောကျိုင်းတုံမြို့နယ် သက်တံ့အိမ် မသန်စွမ်းပြန်လည်ထူထောင်ရေးနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးကဗ္ဗည်းဆိုင်းဘုတ်ကိုအမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် သက်တံ့အိမ်မသန်စွမ်းပြန်လည်ထူထောင်ရေးဂေဟာတွင် နေ့ပိုင်းစောင့်ရှောက်မှုပေးနေသောမသန်စွမ်းကလေးငယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးစားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ပါသည်။သက်တံ့အိမ်မသန်စွမ်းပြန်လည်ထူထောင်ရေးနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသည် မသန်စွမ်းကလေးငယ် (၅၀) ဦးကိုလက်ခံစောင့်ရှောက်ပေးနိုင်ပြီးဂေဟာကို  ၂၀၂၃ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ကြီးဌာနကထောက်ပံ့လျက်ရှိသောကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောကလေးအသက် ၂ နှစ်အထိထောက်ပံ့မှုများကိုကလေးငယ်များအာဟာရဖွံ့ဖြိုးရေးကိုဦးတည်ဆောင်ရွက်လျက်ရှိရာကျိုင်းတုံခရိုင်အတွင်းရှိမြို့နယ် ၅ မြို့နယ်အတွက် အကျိုးခံစားခွင့်ရှိသူစုစုပေါင်း(၅၄၉၅)ဦးကို ၂၀၂၃ ခုနှစ်စက်တင်ဘာလတွင် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ ယခုအခါတွင် နိုင်ငံသားအသိအမှတ်ပြုကတ်ပြားပြန်လည်ဆောင်ရွက်ပြီးသောအကျိုးခံစားခွင့်ရှိသူ (၄၁၄) ဦးအတွက် ဒုတိယအသုတ်အဖြစ်ထောက်ပံ့ပေးခဲ့ပါသည်။ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောကလေးအသက် ၂ နှစ်အထိထောက်ပံ့မှုများကိုကလေးစုစုပေါင်း (၅၈၇၃) ဦးအတွက် ထောက်ပံ့ငွေကျပ်သန်းပေါင်း(၂၅၅.၆၃) ထောက်ပံ့ပြီးဖြစ်ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR