ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

သက်ကြီးပုဂ္ဂိုလ်များတွေ့ဆုံနှီးနှောခြင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဦးအောင်ဝင်းသိန်း၊  အမြဲတမ်းအတွင်းဝန်ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦ:စီးဌာနညွှန်ကြားရေးမှူးချုပ်၊ သက်ကြီးဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ရန်ကုန်တိုင်းဒေသကြီးသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် ဘိုးဘွားရိပ်သာများမှ ဖိတ်ကြားခံဘိုးဘွားများပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့်အားလုံးအကျုံးဝင်သည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်နှင့်လူမှုစီးပွားဘဝတိုးတက်ကာပိုမိုဘေးကင်းလုံခြုံပြီးသဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့်လူအဖွဲ့အစည်းဖြစ်လာစေရေးအတွက် သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့်စောင့်ရှောက်ရေးလုပ်ငန်းကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာရိပ်သာအခြေပြု၊ ရပ်ရွာအခြေပြုနှင့်နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများဖွင့်လှစ်ပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရိပ်သာအခြေပြုစောင့်ရှောက်မှုအဖြစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်စေတနာရှင်ပြည်သူများကတည်ထောင်ဖွင့်လှစ်ထားတဲ့ ဘိုးဘွားရိပ်သာများကိုတည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ အဆင့်အလိုက် ငွေကြေးထောက်ပံ့ခြင်းနဲ့ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းဘိုးဘွားရိပ်သာ(၉၃)ခုမှ ဘိုးဘွားစုစုပေါင်း (၂,၆၅၃)ဦးအတွက် (၃၁၄.၅၂၉)ကျပ်သန်းကိုထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ လူမှုရေးအရအထီးကျန်ဆန်ခြင်းကိုလျှော့ချပေးနိုင်ရန်နှင့်သက်ကြီးပုဂ္ဂိုလ်များ၏အခန်းကဏ္ဍများကိုပိုမိုတိုးမြှင့်နိုင်ဖို့အတွက် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်ခဲ့ပြီးအသက်(၇၀)နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များကိုလက်ခံစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ဒေသရပ်ရွာအတွင်းတွင်သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်ပေးရသူများအနေဖြင့်စနစ်တကျပြုစုစောင့်ရှောက်မှုပြုပေးနိုင်ရန်နှင့်သက်ကြီးပုဂ္ဂိုလ်၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်ချက်နှင့် ကိုက်ညီသည့်နည်းပညာများရရှိစေရန်တို့ကိုရည်ရွယ်ပြီး သက်ကြီးပုဂ္ဂိုလ်များအတွက် ပြုစုစောင့်ရှောက်သူ (Care Giver)” သင်တန်းကိုဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သက်ကြီးပုဂ္ဂိုလ်များ၏ဘဝမြှင့်တင်ရန်၊ လိုအပ်သောကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုများပေးနိုင်ရန်နှင့် သက်ကြီးပုဂ္ဂိုလ်များအတွက် ရသင့်ရထိုက်သည့်အခွင့်အရေးများကိုရရှိခံစားနိုင်စေရန်တို့အတွက်  သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၂၀၁၆နှင့်နည်းဥပဒေများ၂၀၂၂တို့ကိုထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ” ကိုဖွဲ့စည်းနိုင်ခဲ့ပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများကိုနှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာသက်ကြီးပုဂ္ဂိုလ်ဦးရေဟာအရေအတွက် လျင်မြန်စွာတိုးပွားလာနေသည့် အတွက်သက်ကြီးပုဂ္ဂိုလ်များ၏ဘဝမြှင့်တင်နိုင်ရေး၊ လိုအပ်သည့်ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရေရှည်မှာယခုထက်ပိုမိုကောင်းမွန်သည့် အစီအမံများကိုရေးဆွဲချမှတ်ဆောင်ရွက်ပေးနိုင်ရေး၊ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေးတို့ အတွက်လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်မှာအတည်ပြုထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ် (၈)ရပ်အနက် တစ်ခုဖြစ်တဲ့ လူမှုရေးပင်စင်ထောက်ပံ့မှုအစီအစဉ် ကို ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ (၂၀၆,၈၈၇)ဦးရှိပြီးဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် (၃)ကြိမ်စာအဖြစ် ရန်ပုံငွေကျပ် (၂၀.၂၈၁) ဘီလီယံကိုထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှာသက်ကြီးပုဂ္ဂိုလ်တွေရဲ့ စကားသံများကိုနားထောင်ပြီးလိုအပ်တဲ့ပံ့ပိုးမှုများဆောင်ရွက်နိုင်ဖို့၊ လူ့အဖွဲ့အစည်းအတွင်းသက်ကြီးပုဂ္ဂိုလ်များပါဝင်ဆောင်ရွက်ခွင့်ရရှိဖို့၊ သက်ကြီးပုဂ္ဂိုလ်များအပေါ် အလေးထားမှုကိုပြသနိုင်ရန်နှင့်သက်ကြီးသူများအချင်းချင်းအခုလိုတွေ့ဆုံကြခြင်းဖြင့် အတွေ့အကြုံကောင်းတွေမျှဝေနိုင်ရန်နှင့် ရရှိလာမည့်အချက်အလက်များအပေါ်မှာမူတည်ပြီးအနာဂတ်တွင် သက်ကြီးပုဂ္ဂိုလ်များစောင့်ရှောက်မှုလုပ်ငန်းစဉ်များရေးဆွဲရာမှာအထောက်အကူပြုနိုင်မှာဖြစ်တဲ့အတွက်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပါဝင်ခွင့်ရသည့်အဘိုးအဘွားများအနေဖြင့်အတွေ့အကြုံများနှင့်အတူလက်ရှိဆောင်ရွက်ပေးမှုအခြေအနေများအပေါ် အကြံပြုလိုသည့်အချက်များကိုအဘိုးအဘွားတို့ကပွင့်ပွင့်လင်းလင်းဆွေးနွေးအကြံပြုပေးကြစေလိုကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာတက်ရောက်လာသောဘိုးဘွားများကအုပ်စုများခွဲ၍ ဘိုးဘွားများနှင့် ပတ်သက်သည့် စောင့်ရှောက်မှုအစီအစဉ်များ၊ သက်ကြီးဖြစ်စဉ်နှင့် စိတ်ပိုင်းဆိုင်ရာဖြည့်ဆည်းပေးရမည့်အချက်များ၊ ဖြစ်ပွားတက်သည့်ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရေးဆောင်ရွက်ရမည့်အချက်များ၊ ပုံမှန်ဝင်ငွေ၊ စားသောက်နေထိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခွင့် စသည့်ခေါင်းစဉ်များဖြင့် အုပ်စုလိုက်ဆွေးနွေးခဲ့ကြပြီးသက်ကြီးဘာသာရပ် ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်အနှစ်ချုပ်ဆွေးနွေးပေးခဲ့ပါသည်။

ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးလိုက်ပါလျက် အမျိုးသမီးကလေးများသင်တန်းကျောင်း(မလိခ)တွင်ကျင်းပပြုလုပ်သည့် လူငယ်သင်တန်းကျောင်းများမှ ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွင်းဆုရရှိသည့် ကျောင်းသား/သူများဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကယခုလိုဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ရခြင်းမှာကျောင်းသားမောင်မယ်များအနေဖြင့်စိတ်ပါဝင်စားသည့်နယ်ပယ်အလိုက်ဆင့်ကဲကြိုးစားလိုစိတ်ဖြစ်ပေါ်လာစေရန်နှင့်မိမိတို့အနေဖြင့်မိဘအုပ်ထိန်းသူများဖြစ်သည့်အတွက် ကိုယ့်သား/သမီးများ၏အောင်မြင်မှုကိုအသိအမှတ်ပြုချီးကျူးဂုဏ်ပြုပေးခြင်းလည်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကိုဆောင်ရွက်ရာတွင်သင်တန်းကျောင်းအခြေပြု၊ ရပ်ရွာအခြေပြုလုပ်ငန်းစဉ်များချမှတ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းကျောင်းအခြေပြုလုပ်ငန်းများသည်ကလေးနှင့်လူငယ်စောင့်ရှောက်ရေးလုပ်ငန်း၏အရေးကြီးသည့် လုပ်ငန်းရပ်လည်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းများတွင်ဖြစ်ရပ်တစ်ခုချင်း၊ဆင့်ကဲဖြစ်စဉ်အစုလိုက်နှင့်ရပ်ရွာအဆင့်လုပ်ငန်းစသဖြင့် တိုက်ရိုက်ပံ့ပိုးပေးရသည့်နည်းလမ်းများအပါအဝင် လူမှုရေးဥပဒေများ၊ မူဝါဒများထုတ်ပြန်ခြင်း၊ လူမှုရေးစီမံခန့်ခွဲမှုနှင့် လူမှုရေးသုတေသနလုပ်ငန်းစသည့်သွယ်ဝိုက်ပံ့ပိုးပေးရသည့်နည်းလမ်းများစသဖြင့် အမျိုးအစားများရှိပြီးအခုကဲ့သို့ သင်တန်းကျောင်းများဖွင့်လှစ်ပြီးစောင့်ရှောက်မှုပြုခြင်းသည်လူမှုဝန်ထမ်းလုပ်ငန်းရပ်များအားလုံးနီးပါးနှင့်အကျုံးဝင်နေသည်ကိုတွေ့ရှိရပါကြောင်း၊ ကလေးသူငယ်များအနေဖြင့်အသက် (၁၈)နှစ် ပြည့်ပြီးသည့်နောက်ပိုင်းမိမိကိုယ်တိုင်ဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် အတန်းပညာတစ်ခုခုသို့မဟုတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာအတတ်ပညာတစ်ခုခုကိုသင်ကြားတတ်မြောက်ထားရှိမှသာရေရှည်တွင် အခက်အခဲမရှိဘဲဘဝရပ်တည်မှုခိုင်မာစေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်းကလေးများ၏အခြေအနေကိုအကဲဖြတ်မှတ်တမ်းများထားရှိရမည်ဖြစ်ပြီး ကလေးပြုစုစောင့်ရှောက်သူများ၏အခြေအနေ၊ ကျောင်း၏စီမံခန့်ခွဲမှုနှင့်ကျောင်းပတ်ဝန်းကျင်တိုးတက်ရေးအခြေအနေတို့ကိုလည်းဆန်းစစ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဌာနရှိကလေးများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်လည်းရှိပြီးဖြစ်သည့်အတွက် သင်တန်းကျောင်း၏လုပ်ငန်းများပိုမိုတိုးတက်လာမည်ဖြစ်ပြီး စီမံခန့်ခွဲသည့်နေရာတွင်လည်းထိရောက်အောင်မြင်လာမည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းများ၏လုပ်ငန်းဆောင်ရွက်ချက်များကိုပြန်လည်ဆန်းစစ်သုံးသပ်နိုင်စေရေးအတွက် လူငယ်သင်တန်းကျောင်းများ၏ အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပပြုလုပ်နိုင်ခဲ့ပြီးကလေးလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကလေးလူငယ်ယာယီစောင့်ရှောက်ရေးသင်တန်းကျောင်း၊ ကလေးလူငယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်းစသည့် စောင့်ရှောက်ထားရှိသည့် အမျိုးအစားအလိုက် သင်တန်းကျောင်းများသတ်မှတ်ဖို့လည်းဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ကျောင်းသားမောင်မယ်များအနေဖြင့်အမှန်တကယ်ကြိုးစားလျှင်ကြိုးစားမှုနှင့်ထိုက်တန်သည့်အခွင့်အလမ်းများကိုရရှိခံစားရမှာဖြစ်ပါကြောင်း၊ တစ်ဦးချင်းစီအလိုက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့်ကြိုးပမ်းသွားရမှာဖြစ်ပြီးအခုလိုငယ်ရွယ်စဉ်မှာအချိန်ကိုအကျိုးရှိစွာအသုံးချသွားရန်လိုအပ်ကြောင်းနှင့် တစ်ဦးချင်းစီအလိုက် ရည်မှန်းချက်ပန်းတိုင်များလည်းထားရှိရမှာဖြစ်ကြောင်း၊ တွေ့ကြုံလာနိုင်သည့် အခက်အခဲများကိုကောင်းမွန်စွာကျော်ဖြတ်နိုင်ရန်အတွက်လည်းရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်ဖို့လည်းလိုအပ်ပါကြောင်း၊ စည်းကမ်းလိုက်နာပြီးထူးချွန်ထက်မြက်သည့်သူများဖြစ်အောင်၊မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိကျောင်းများ၏ဖွံ့ဖြိုးတိုးတက်ရေးကိုစွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြသူများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းကျောင်းများအလိုက်ထူးချွန်ဆုရကျောင်းသား/သူများအားပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ မရမ်းကုန်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပါသည်။ဆက်လက်၍ ကျောင်းသား/သူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့်တင်ဆက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးကဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ကာအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးလိုက်ပါလျက် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦ:စီးဌာနရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ၊ ရန်ကုန်မြို့သို့ရောက်ရှိကြရာတိုင်းဒေသကြီးဦးစီးမှူးကတိုင်းဒေသကြီးအတွင်းဘေးဖြစ်ပွား၊ ထောက်ပံ့ပြီးစီးမှုအခြေအနေသဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ခရိုင်ရုံး/မြို့နယ်ရုံးများဖွင့်လှစ်ပြီးစီးမှုအခြေအနေ၊ ဗဟိုသိုလှောင်ရုံရန်ကုန်မြို့တွင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိူးအိမ်ထောင်စု (၁၀,၀၀၀)စာသိုလှောင်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Aries Elan ကုမ္ပဏီမှ တင်ဒါ အောင်မြင်ဆောက်လုပ်လျက်ရှိသည့်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦ:စီးဌာနရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးRC (၃)ထပ်ဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေအားလှည့်လည်ကြည့်ရှုစစ်ဆေးကာအရည်အသွေးစံချိန်စံညွှန်သတ်မှတ်ချက်များနှင့်အညီသတ်မှတ် ကာလအတွင်းအချိန်မီပြီးစီးနိုင်ရေးတာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR