ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည်၂၄-၂-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဧည့်ခန်းမ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာကျော်ထွန်းဦးဆောင်သောတာဝန်ရှိသူများနှင့် တွေ့ဆုံကာပြည်နယ်အတွင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောလူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်နှင့်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)များအပါအဝင် လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကိုညှိနှိုင်းဆွေးနွေးခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ခု၊ (၆)လဘတ်ဂျက်တွင် ရှမ်းပြည်နယ်အတွင်းကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်နှင့်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)အတွက် ထောက်ပံ့ကြေးငွေကျပ်(၄၄,၈၇၄.၆)သိန်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ငွေကျပ်(၂,၈၄၅.၁၈၅)သိန်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေမှ ကျပ်(၁,၅၇၈.၈၈၂)သိန်းစသည့် စုစုပေါင်းထောက်ပံ့ကြေးငွေကျပ်(၄၉,၂၉၈.၆၆၇)သိန်းတို့ကိုထောက်ပံ့ပေးအပ်ခဲ့ရာအကျိုးခံစားခွင့်ရှိသူများကိုယ်စားပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောတာဝန်ရှိသူများကလက်ခံခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိမိုးကုတ်ဝိပဿနာရိပ်သာသို့ ရောက်ရှိကြပြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၅၉.၃၀၆)သိန်းနှင့် ရိပ်သာအတွက်လှူဒါန်းငွေများကိုထောက်ပံ့ပေးအပ်ခဲ့ရာအကျိုးခံစားခွင့်ရှိသူများကိုယ်စားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများကလက်ခံခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်နယ်လူမှုရေးဝန်ကြီးလိုက်ပါလျက် ဟိုပုံးမြို့ရှိပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ရောက်ရှိကြပြီးတာဝန်ရှိသူများနှင့်တွေ့ဆုံကာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်နှင့်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)လုပ်ငန်းများထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့်ဆက်စပ်သောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများအားဆွေးနွေးခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၈၈.၉၁၈)သိန်းတို့ကိုထောက်ပံ့ပေးအပ်ခဲ့ရာအကျိုးခံစားခွင့်ရှိသူများကိုယ်စားဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများကလက်ခံခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်နယ်လူမှုရေးဝန်ကြီးလိုက်ပါလျက် တောင်ကြီးမြို့မူလတန်းကြိုကျောင်းသို့ရောက်ရှိပြီးကလေးငယ်များ Social Distancing ပုံစံဖြင့် တက်ရောက်သင်ယူနေမှုအခြေအနေများ၊ ကလေးငယ်များတည်ဆောက်ကစားခြင်း၊ အတုယူကစားခြင်းပုံစံများဖြင့် သင်ယူနိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းအတွင်းကလေးငယ်များအားအစားအသောက်ကျွေးမွေးနိုင်ရေးပြင်ဆင်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်ချက်များအားညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်နယ်လူမှုရေးဝန်ကြီးလိုက်ပါလျက် တောင်ကြီးမြို့ရှိလူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် အေးသာယာမြို့ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံတို့အားရောက်ရှိစစ်ဆေးခဲ့ပြီးဝန်ကြီးဌာနမှအကောင်အထည်ဖော်‌ဆောင်ရွက်လျက်ရှိသောလူမှုရေးပင်စင်နှင့်ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်နှင့်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)လုပ်ငန်းများထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် အခြေခံကျသောစာရင်းဇယားအချက်အလက်များအားမှန်ကန်မြန်ဆန်စွာစိစစ်နိုင်ရေးမြို့နယ်အဆင့်၊ ခရိုင်အဆင့် မှ တာဝန်ရှိသူများအနေဖြင့် နည်းပညာလက်လှမ်းမီအသုံးချနိုင်ရေးစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်ရေးအတွက် မွမ်းမံသင်တန်းများစီစဉ်ပို့ချပေးရန်နှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားဦးစီးဌာနအလိုက်ပေါင်းစပ်၍ ဒေသအလိုက်၊ ကဏ္ဍအလိုက်အသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးစီမံချက်ရေးဆွဲဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီးတာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးကလိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနားမကြားသောကလေးများကျောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းသည့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိသိုလှောင်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့်ဝန်ထမ်းများအား တွေ့ဆုံခြင်း

MOS

DSW

DDM

DOR