ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် Onlineဖြင့် ဖွင့်လှစ်ခဲ့သည့် UN Conventions, Laws & Policies Awarenessသင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် Video Conferencing ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် သက်ဆိုင်ရာဌာနခွဲမှညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဘာသာရပ်ဆိုင်ရာနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။        

ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းစသည့် ကာကွယ်စောင့်ရှောက် ရန်လိုအပ်သောအုပ်စုများ၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်း၊ မြှင့်တင်ခြင်းလုပ်ငန်း များတွင် Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ အာဆီယံသဘောတူစာချုပ်များ၊ ပြည်တွင်းထုတ်ပြန်ထားသည့် ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်နေပါ ကြောင်း၊ ယခုသင်တန်းသည် ဌာန၏ရည်ရွယ်ချက်ပြည့်မီစေရန် အထောက်အကူပြုသည့်သင်တန်းဖြစ်ပါကြောင်း၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNCRC)ကိုအဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို UNCRC ကော်မတီသို့ အစီရင်ခံစာများ တင်သွင်းလျက်ရှိရာ ပဉ္စမနှင့် ဆဋ္ဌမအကြိမ်အစီရင်ခံစာကို၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ အတွင်း တင်သွင်းထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့်ပတ်သက်၍  အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNCEDAW)ကို အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားပါကြောင်း၊ မသန်စွမ်းသူများနှင့်သက်ကြီးရွယ်အိုဆိုင်ရာ အရေးကိစ္စများနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင် UNCRC, UNCEDAW, UNCRPD နှင့် နောက်ဆက်တွဲ  Protocols များ၊ ဌာနမှထုတ်ပြန်ထားသည့် ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ASEAN Declaration on Strengthening Social Protection ဆိုင်ရာဘာသာရပ်များကို လေ့လာသင်ယူခဲ့ရသဖြင့်   မြေပြင်တွင် ပြည်သူလူထုနှင့်ထိတွေ့ပြီး လူမှုအကျိုးပြုလုပ်ငန်းများကို ထဲထဲဝင်ဝင်ဆောင်ရွက် နေသူများဖြစ်သည့်အတွက်  သင်တန်းမှရရှိသည့် အသိပညာ၊ ဗဟုသုတများအား လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည် အသုံးချပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်သည့်ဝန်ထမ်းကောင်း များဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင်တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ သင်တန်းကျောင်း၊ ဌာနငယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်ပတ်သက်၍ ကောင်းစွာနားလည်သဘောပေါက်စေရန်၊ လူမှုဝန်ထမ်းလုပ်ငန်းများကို နားလည်သဘောပေါက်ပြီး မိမိတို့၏ခံယူချက် သဘောတရားအမြင်များ ကျယ်ပြန့်စွာ စဉ်းစားတွေးခေါ်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသော နိုင်ငံဝန်ထမ်းကောင်းများ ပေါ်ထွက်လာခြင်း ဖြင့် ဦးစီးဌာနကို အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက်(၃)ရပ်ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အသိပညာဗသုတများဖြင့် ဆက်စပ်တွေးခေါ်နိုင်စွမ်းရှိရန်လိုအပ်ကြောင်း၊ လေ့လာနိုင်သည့်နည်းလမ်းများစွာရှိ၍ ဆက်တိုက်လေ့လာမှတ်သား နိုင်ရန် အခွင့်အလမ်းများရှိပါကြောင်း၊ မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ထားရန် လိုအပ်ပါကြောင်း၊ သင်တန်းကာလ (၄) ရက်တွင် UN Conventions ဆိုင်ရာ ဘာသာရပ်များကို စနစ်တကျ ဆည်းပူးလေ့လာပြီး မိမိတို့၏ပတ်ဝန်းကျင်နှင့် လုပ်ဖော်ကိုင်ဖက် များမှတစ်ဆင့် ပြည်သူလူထုအား  အသိပညာမျှဝေမှုများ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်း လုပ်ငန်းရပ်များကို မိမိတို့ဝန်ကြီးဌာနနှင့်  ဆက်စပ်ဌာနဆိုင်ရာအားလုံး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်လိုအပ်၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဆင့်ဆင့်နှင့် အမျိုးသမီး ကော်မတီအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊  လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆက်စပ်ဌာနဆိုင်ရာများနှင့် ကောင်းမွန်စွာ ချိတ်ဆက်ဆောင် ရွက်မှုများရရှိနိုင်ရန်လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် မိမိတို့၏ မူလအခြေခံပညာရပ်၊ ဘာသာရပ်ဆိုင်ရာအသက်မွေးဝမ်းကျောင်းပညာရပ်နှင့် အထူးပညာရပ်ဟူ၍ ပညာရပ်(၃)ခုရှိပါကြောင်း၊ ယင်းတို့အတွက် အမြဲသတိပြုမှတ်သားသွားစေလိုကြောင်း၊ ပညာရပ်အလိုက် ဆက်တိုက်လေ့လာသွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက‌ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းကို အစည်းအဝေးခန်းမ တွင်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) အခန်း (၁၅)တွင် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ရန်ပုံငွေ ထူထောင်ထားရှိရန် ဖော်ပြထားပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးနည်းဥပဒေ (၂၀၁၇)၊ အခန်း (၁၂)တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာရန်ပုံငွေကို ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးတို့အတွက် ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားရန်ဖော်ပြထားပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်းမပျောက်မတည်ငွေအဖြစ် ခွင့်ပြုပေးခဲ့ပါကြောင်း၊ (၂၃.၃.၂၀၂၂) ရက်နေ့တွင် ကျင်းပခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်းမပျောက်စေဘဲ မသန်စွမ်းသူများအတွက် အကျိုးရှိသည့်လုပ်ငန်းများ ဆောင်ရွက်သွားရန်ဆုံးဖြတ်ခဲ့ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်အရ ယနေ့အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ ၏အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် (၃)ဘီလီယံကို အရင်းမပျောက်စေဘဲ တိုးပွားနိုင်မည့် နည်းလမ်းများ ဝိုင်းဝန်းဆွေးနွေးအကြံပြုစေရေး၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများနှင့် မသန်စွမ်းအဖွဲ့အစည်းများ အားအကျိုးရှိစွာ အသုံးပြုထောက်ပံ့နိုင်ရေးတို့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ လုပ်ငန်းစီမံချက်နှင့် စံလုပ်ငန်းအစီအစဉ် ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်းမပျောက်မတည်ငွေအဖြစ် ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မသန်စွမ်းသူများကို အကျိုးရှိစွာကူညီထောက်ပံ့ပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်
အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ သွားရောက်စစ်ဆေးကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ဂေဟာ၊ICT Training Centerများသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ကြည့်မြင်တိုင်မျက်မမြင်သင်တန်းကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေး ဌာနများသို့ ကြည့်ရှုစစ်ဆေး
(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီး စံပြရင်သွေးအိမ်မူလတန်းကြိုကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR