ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်သူများမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှေ့ပြေးလုပ်ငန်းအစီအစဉ်များ စတင်အကောင် အထည်ဖော်ဆောင်ရွက်ကြရာတွင် မိမိတို့ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမည့် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ညှိနှိုင်းပူးပေါင်းပါဝင်မှု များဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအရ  မသန်စွမ်းသူများ၏ အခွင့်အရေးများကို အပြည့်အဝခံစားရရှိရေးအတွက်အရေးကြီးပြီး အဓိကလိုအပ်သော လုပ်ငန်း တစ်ခုဖြစ်ပါကြောင်း၊ ကနဦးသတ်မှတ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အဆင့်လိုက်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ မြို့နယ်နှင့် ခရိုင်အဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မသန်စွမ်းအဖွဲ့ အစည်းများကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

        ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်သည် ယခင်ဆောင်ရွက်ခဲ့သည့် Early Childhood Intervention (ECI) လုပ်ငန်းစဉ်များနှင့် ဆက်စပ်ပါကြောင်း၊ မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်သည်လည်းအရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ၎င်းနှင့်ဆက်စပ်၍ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနများ၊   လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများအပြင် မသန်စွမ်းအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ရှေ့ပြေးလုပ်ငန်းများဆောင်ရွက်ရာတွင် မသန်စွမ်းအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ဆောင်ရွက်ပြီးမှသာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။  

          ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ၊ ညွှန်ကြားရေးမှူး က မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း စီမံချက်အား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များအပေါ် ဖြည့်စွက်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR