ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဌ ဦးဆောင်သော ဥရောပ-အာရှစီးပွားရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်အတွင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်အား ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ စီမံကိန်းမန်နေဂျာဖြစ်သူ Mr. Ilia Mesterov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲက ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲ့မှုလုပ်ငန်းများနှင့် သဘာဝဘေးကြောင့်ထိခိုက် သူများနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်ရှိသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု များကို မြန်မာနိုင်ငံဘက်က ရှင်းလင်းခဲ့ပြီး သဘာဝဘေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးတွင် စေတနာ့ ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါခဲ့ကြောင်း၊ ရုရှားနိုင်ငံတွင်‌ စေတနာ့ဝန်ထမ်းစုဖွဲ့ဆောင်ရွက်မှု စနစ်ကို လေ့လာလိုကြောင်း၊  မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံအကြား Exchange Program များ ဆောင်ရွက်လိုကြောင်းနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန် Myanmar Disaster Response Team သင်တန်းဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများ၊ Social Work Institute တစ်ခုထူထောင်ရန် လိုအပ်နေမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR