ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြင်းထန်သောရာသီဥတုဖြစ်စဉ်များကြောင့်မြန်မာနိုင်ငံအတွင်းတိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊လေပြင်းများတိုက်ခတ်ခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်း၊မိုးသီးကြွေခြင်းနှင့်နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်မှုကြောင့်ထိခိုက်ခံရနိုင်မှုများလျော့ပါးစေရေးအတွက်အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်း၊ လတ်တလောလိုအပ်နေသည့်သောက်သုံးရေထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အပူဒဏ်ကြောင့်ထိခိုက်မှုများလျော့ပါးစေရန်အပူရှောင်စခန်းများဖွင့်လှစ်ခြင်းတို့ကိုဆောင်ရွက်နိုင်ရန် ရာသီဥတုဖြစ်စဉ်များကြောင့် ထိခိုက်ခံရနိုင်မှုလျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက်စတင်အကောင်အထည်ဖော်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များကဝန်ကြီးရုံးအစည်းအဝေးခန်းမမှလည်းကောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက Online မှလည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားကျင်းပရခြင်းမှာ ရာသီဥတုပြောင်းလဲမှုနှင့်အတူကမ္ဘာကြီးပိုမိုပူနွေးလာပြီးကမ္ဘာ့နိုင်ငံအသီးသီးတွင်သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုအကြိမ်ရေတစ်နှစ်ထက်တစ်နှစ်ပိုမိုဖြစ်ပွားလာခြင်း၊သက်ရောက်မှုကြီးမားပြင်းထန်လာခြင်းတို့သည် သစ်တောသစ်ပင်များပြုန်းတီးခြင်း၊ အမှိုက်မီးရှို့ခြင်းစသည့် လူသားများ၏ ပယောဂများကြောင့်  ဖြစ်ပါကြောင်း၊ မိမိဌာနတို့အနေဖြင့်လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးဘေးများကြောင့် ဘေးသင့်သူများကိုထောက်ပံ့ခြင်း၊ သောက်သုံးရေထောက်ပံ့မှုနှင့် အပူရှောင်စခန်းဖွင့်လှစ်ခြင်းတို့ကို ယခင်နှစ်များကပင် ဆောင်ရွက်နေခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံအနေဖြင့်၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း လေပြင်းတိုက်ခတ်မှု (၆၆၁) ကြိမ်အပါအဝင်သဘာဝဘေးအန္တရာယ်စုစုပေါင်း(၂၀၁၆)ကြိမ်ကြောင့်ဘေးသင့်ခဲ့သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ကယ်ဆယ်ရေးပစ္စည်း၊ဆန်ရိက္ခာဖိုး၊ဒဏ်ရာရ/သေဆုံးစသဖြင့် ထောက်ပံ့တန်ဖိုးစုစုပေါင်းငွေကျပ်(၄၅၅၀.၈၃၅)သန်း ရှိခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုသည် တားဆီး၍မရသဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းအောင် လိုအပ်သောကြိုတင်ပြင်ဆင်မှုများကို ကဏ္ဍအလိုက်ကြိုတင်စီမံဆောင်ရွက်ထားကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားရှိသည့်အတွက်လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူဆောင်ရွက်ကြရမှာဖြစ်သည့်အပြင် နိုင်ငံအတွင်းပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများတွင် ဖေါ်ပြထားပြီးဖြစ်သည့် အတွက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရမှုများ လတ်တလောသက်သာစေရေးအတွက် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်နေသည့်အပြင် ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် လျော့ပါး စေရေးဆိုင်ရာလုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့အပူချိန် မြင့်မားတတ်သောကာလများတွင်အပူဒဏ်လျော့နည်းသက်သာစေရေးအတွက်မိမိတို့ဝန်ကြီးဌာနအနေဖြင့်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်မှစ၍အပူရှောင်စခန်းများကို စစ်ကိုင်းတိုင်းဒေသကြီးတွင်(၂၀)ခု၊မကွေးတိုင်းဒေသကြီးတွင်(၂၄)ခု၊စုစုပေါင်း(၄၄)ခုဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ယခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း လောလော ဆယ်(၄)ခုနှင့် ရှမ်းပြည်နယ်တွင်(၂)ခုဖွင့်လှစ်မှာဖြစ်ပြီး လိုအပ်ပါက ထပ်မံဖွင့်လှစ်သွားမည်ဖြစ် ပါကြောင်း၊  စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိဌာန၏ ဘတ်ဂျက်ရန်ပုံငွေဖြင့်ဆောင်ရွက်ပေးခြင်းဖြစ်၍ပြည်သူလူထုအတွက်အမှန်တကယ်အကျိုးရှိသက်ရောက်စေရန်နှင့်ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီသုံးစွဲ‌ဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားလိုပါကြောင်းပြောကြား ခဲ့ပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနအနေဖြင့် နှစ်စဉ် ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ ထောက်ပံ့မှုလုပ်ငန်းများနှင့် လုပ်ငန်းစီမံချက်ပါ ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၃)ရပ်ဖြစ်သည့် လေပြင်းဘေးအန္တရာယ်နှင့်မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ အပူရှောင်စခန်းများဖွင့်လှစ်ခြင်း၊ လတ်တလောလိုအပ်နေသည့်သောက်သုံးရေများထောက်ပံ့ပေးခြင်းတို့နှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပါသည်။

၎င်းနောက် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာနှင့် မကြီးချောင်းကျေးရွာ၊ ရေနံချောင်းမြို့နယ်၊ မြို့မမြောက်ရပ်ကွက်တို့တွင် အပူရှောင် စခန်းများ ဖွင့်လှစ်မှုအခြေအနေနှင့်စပ်လျဉ်း၍ Live ဖြင့်လည်းကောင်း၊  ရှမ်းပြည်နယ်ဦးစီးမှူးရုံးက ပြည်နယ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လင်းခေးခရိုင်ဦးစီးမှူးရုံးက လင်းခေးမြို့နယ်၊ ဝမ်လှိုင်ရပ်ကွက်၊ မဟာဝိဟာရကျောင်းတွင် အပူရှောင်စခန်းဖွင့်လှစ်မည့်အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ မေလ(၂)ရက်နေ့၊ (၁၅:၂၀)နာရီအချိန်မှ (၁၇:၅၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေအတွင်းပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာလူနေအိမ်(၂၄)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းပြိုလဲကာလူနေအိမ်(၁၅၆)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီးအိမ်ထောင်စု(၁၈၀)စုမှ လူဦးရေ(၇၂၅)ဦးဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။

အဆိုပါ လေဘေးသင့်သူများအားထောက်ပံ့ခြင်းအခမ်းအနားကိုမေလ(၃)ရက်နေ့ကပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်စုကျေးရွာနှင့် ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်၊ ဝိဇ္ဇာသိပ္ပံဘုန်းကြီးကျောင်းတို့တွင်အသီးသီးကျင်းပခဲ့ရာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၂)၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးစုစုပေါင်းကျပ်(၁၁၈)သိန်းကျော်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂၄)အိမ်ထောင်စာ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးကထောက်ပံ့ငွေကျပ်(၆၄)သိန်းနှင့်ဆန်(၃)အိတ်၊ စားသုံးဆီ(၁၂၂)ပိဿာတို့ကိုထောက်ပံ့ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအားပေးစကားပြောကြားရာ၌ ယခုကဲ့သို့ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များထိခိုက်ပျက်စီးစေသည့် သဘာဝဘေးအန္တရာယ်များကိုတတ်နိုင်သမျှ မဖြစ်ပွားစေလိုပါကြောင်း၊ ဖြစ်လာပါကလည်းထိခိုက်ပျက်စီးမှုများလျော့ပါးစေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်လိုအပ်မှုများကိုဆောင်ရွက်ကြစေလိုကြောင်း၊ ကြိုတင်ပြင်ဆင်ရန်လိုအပ်မှုများကိုလည်းအသိပညာပေးမှုများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနေသဖြင့် လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ အဆိုပါသဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက် အိုးအိမ်စည်းစိမ်များထိခိုက်မှုလျော့နည်းရေးအတွက် လုပ်ဆောင်ရန်ရှိသည်များကိုမိမိတို့ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနအဖွဲ့အစည်းများကနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် အညီဆောင်ရွက်ပေးနေပါကြောင်း၊ အဓိကအားဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသည် လတ်တလောကြုံတွေ့နေရသည့် အပူချိန်မြင့်တက်မှု၊ လေပြင်းဘေး၊မိုးကြိုးဘေးတို့ကြောင့် ပြည်သူများထိခိုက်မှုလျော့နည်းစေရန် ဆောင်ရန်၊ ရှောင်ရန်များကိုပြည်သူလူထုအတွင်းအသိပညာပေးခြင်းကိုကျယ်ပြန့်စွာဆောင်ရွက်နေသကဲ့သို့ ယခုကဲ့သို့ ဘေးတွေ့ကြုံသူများကိုလည်းလတ်တလောသက်သာချောင်ချိရေးအတွက် ထောက်ပံ့မှုများဆောင်ရွက်ပေးနေပါကြောင်းတို့ကိုရှင်းလင်းပြောကြားပါသည်။

နေပြည်တော်ကောင်စီ၊ ဥက္ကဋ္ဌကအားပေးစကားပြောကြားရာ၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့ရသူများကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုနှင့်အတူနေပြည်တော် ကောင်စီကလည်းထောက်ပံ့ငွေ၊ ဆန်၊ ဆီတို့ကိုလာရောက်ထောက်ပံ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကိုစိမ်းလန်းစိုပြေပြီးသန့်ရှင်းသောမြို့တော်၊ နေရာဒေသတစ်ခုဖြစ်စေရေးဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီပြည်သူများဗဟုသုတပိုမိုပြည့်ဝစေရေးစာဖတ်ရှိန်မြှင့်တင်ခြင်းနှင့် စာကြည့်တိုက်များပံ့ပိုးကူညီခြင်း၊နွေရာသီကာလလူငယ်များအသိပညာ၊ အတတ်ပညာအပြင် အားကစားကဏ္ဍတွင်ပါ ပိုမိုစွမ်းရည်ပြည့်ဝစေရန်ဆောင်ရွက်ပေးခြင်းစသည် လုပ်ဆောင်ပေးနေမှုများကိုရှင်းလင်းပြောကြားပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် လေဘေးသင့် ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံပြီးလိုအပ်ချက်များမေးမြန်းကာညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရာသီဥတုဖြစ်စဉ်များကြောင့်ထိခိုက်ခံရနိုင်မှုလျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်သည့်အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်းမြို့နယ်(၄)ခုတွင် ဖြစ်ပွားခဲ့သောလေဘေးသင့်သူများအားထောက်ပံ့ခြင်းအခမ်းအနားများသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR