ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရခိုင်ပြည်နယ်စစ်တွေမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် (၁၆-၁၂-၂၀၂၁)ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိကလေးပြုစုရေးဌာနသို့ရောက်ရှိပြီးကလေးငယ်စုစုပေါင်း (၃၃)ဦးကို စောင့်ရှောက်ပေးနေမှုအခြေအနေများကိုကြည့်ရှုအားပေးပြီးနိုင်ငံတော်ကိုယ်စားမိမိတို့ဝန်ကြီးဌာနမှ ကာကွယ်စောင့်ရှောက်ထားရှိသောကလေးငယ်များ၏ ဘဝရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းကာအတန်းပညာသာမကအသက်မွေးဝမ်းကျောင်းပညာရပ်များပါ သင်ကြားပို့ချပေးနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ပြီးကလေးငယ်များအတွက် မုန့်များအားပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အိမ်တွင်းမှုသက်မွေးအတတ်ပညာသင်ကျောင်းသို့ရောက်ရှိရာတာဝန်ခံကျောင်းအုပ်ကလက်ရှိဖွင့်လှစ်ပို့ချလျက်ရှိသည့် သက်မွေးပညာသင်တန်းများကိုရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးကသင်တန်းကျောင်းများတွင် ပို့ချလျက်ရှိသည့် သက်မွေးပညာရပ်များနှင့်လက်တွေ့နယ်ပယ်တွင် ယခုထက်ပိုမိုထိရောက် အကျိုးရှိသည့် ပညာရပ်များကို ကျွမ်းကျင်သူများ၏ အကူအညီရယူ၍ နည်းစနစ်တကျတစ်ဆင့်ချင်းပြောင်းလဲတိုးချဲ့ဖွင့်လှစ်သွားနိုင်ရေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လူမှုဝန်ထမ်းရုံးတွင်ပြုလုပ်သောစစ်တွေမြို့တွင်အခြေပြု၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ပြီးပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏မူဝါဒများဖြစ်သောထိရောက်သောလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု၏ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ဘေးဒဏ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသောလူ့အသိုက်အဝန်းတစ်ရပ်ဖြစ်လာစေရေးစသည့်လုပ်ငန်းစဉ်များပေါက်မြောက်အောင်မြင်နိုင်ရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်အစီအမံများ၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ထိခိုက်လွယ်အုပ်စုဝင်များအားပံ့ပိုးကူညီဆောင်ရွက်သွားမည့်အခြေအနေ၊ ဝန်ကြီးဌာန၏ ပင်မလုပ်ငန်းတာဝန်ဖြစ်သောကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်များအတွက် ကာကွယ်စောင့်ရှောက်ပေးနေမှု၊ ပံ့ပိုးကူညီပေးနေမှုအခြေအနေများကိုရှင်းလင်းပြောကြားပြီးတက်ရောက်လာကြသည့် ဝန်ထမ်းများကတင်ပြလိုသည့်အချက်များကိုပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာပြည်ထောင်စုဝန်ကြီးကလိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးလုပ်ငန်းများအောင်မြင်ရေးအတွက် တစ်ဦးချင်းစီ၏ စေတနာ၊ အရည်အသွေးနှင့် ဝီရိယတို့သည် အလွန်အရေးကြီးပါကြောင်းတိုက်တွန်းဆွေးနွေးမှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာလ (၁၇)ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိပြည်နယ်ဘိုးဘွားရိပ်သာသို့သွားရောက်ကာရိပ်သာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အဘိုးအဘွားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ၂၀၂၁-၂၀၂၂ (၆လ ဘတ်ဂျက်)အတွက် ထောက်ပံ့ငွေ ၃၄၁၄၀၀၀- (ကျပ်သုံးဆယ့်လေးသိန်းတစ်သောင်းလေးထောင်တိတိ)အားဂေဟာမှူးဦးထံသို့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။                                                                                                            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဒီဇင်ဘာလ (၁၈)ရက်နေ့ ညနေပိုင်းတွင်စစ်တွေမြို့ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ရောက်ရှိပြီးသိုလှောင်ရုံထိန်းသိမ်းရေးလက်စွဲအတိုင်းကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးနှင့် ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးကာဆောင်ရွက်ရမည့်အချက်များအားဖြည့်စွက်လမ်းညွှန်ခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR