ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သော Leadership and Communication Skills နှင့် Project Cycle Management သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၃-၇-၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင်အဆိုပါဝန်ကြီးရုံး၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ယနေ့ဖွင့်လှစ်သည့် Leadership and Communication Skills နှင့် Project Cycle Management သင်တန်းသည်ဝန်ထမ်းတိုင်းသိသင့်သည့်ဘာသာရပ်များဖြစ်ကြောင်း၊ဝန်ထမ်းတစ်ဦးချင်း၏စွမ်းဆောင်ရည်ကောင်းမှဌာန၏စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ဌာန၏စွမ်းဆောင်ရည်ကောင်းမှနိုင်ငံအတွက်တိုးတက်မှုရှိသောရလဒ်ကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း၊ Leadership Skillsသည်အဆင့်တိုင်းအတွက်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအသစ်များခန့်ထားခဲ့ပြီးနောက် စွမ်းဆောင်ရည်မြှင့်တင်ရန် Digital Literacy  အပါအဝင်သင်တန်းများပို့ချပေးလျက်ရှိကြောင်း၊ယခုဖွင့်လှစ်သည့် Leadership and Communication Skills သင်တန်းသည်ဌာန၏ဆောင်ရွက်ချက်များပိုမိုထိရောက်အောင်မြင်လာစေရန် အထောက်အကူပြုနိုင်သောသင်တန်းဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦးအားသာချက်နှင့်အားနည်းချက်တို့ကိုအပြန်အလှန်ဖြည့်ဆည်းပြီး ဝန်ကြီးဌာန၏မူဝါဒ၊မဟာဗျူဟာ၊စီမံချက်တို့ကိုထိရောက်အကျိုးရှိစွာအကောင်အထည်ဖော်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကအမှာစကားပြောကြားရာတွင်ဝန်ကြီးဌာန၏သဘောသဘာဝအရပြည်သူလူထုနှင့်တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရသည့်အပြင်လူမှုရေးဆိုင်ရာပြသနာများကိုဖြေရှင်းဆောင်ရွက်ရသည့်အတွက် ဆင်ခြင်တုံတရားအရေးကြီးပါကြောင်း၊ ယခုဖွင့်လှစ်သည့် Leadership and Communication Skills နှင့် Project Cycle Managementသင်တန်းသည်အမှန်တကယ်အသုံးဝင်ကြောင်း၊ ပြည်သူလူထုအတွက်ကာလတို၊ကာလလတ်၊ ကာလရှည်စီမံကိန်းတို့ကိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဝန်ထမ်းတစ်ဦးချင်းစီတိုင်း၏စွမ်းဆောင်ရည်များမြှင့်တင်နိုင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ပြုစုပျိုးထောင်ရေးနှင့်ပြန်လည်နေရာချထားရေး လုပ်ငန်းအဖွဲ့ခွဲမှအတွင်းရေးမှူးဒေါ်မေဖူးပွင့်စိုးမှသင်တန်းနည်းပြအဖြစ်(၁၃-၇-၂၀၂၂) ရက်နေ့မှ (၁၄-၇-၂၀၂၂) ရက်နေ့အထိဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။

ယခုသင်တန်းဖွင့်ပွဲကို ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ပြုစုပျိုးထောင်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းအဖွဲ့ခွဲမှအတွင်းရေးမှူးနှင့်သင်တန်းသား၊သင်တန်းသူများတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း

MOS

DSW

DDM

DOR