ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)၏လုပ်ငန်းနယ်ပယ်(၁၂)ရပ်အတွက် ရေးဆွဲထားသည့်စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့်ပတ်သက်သည့်အလုပ်ရုံဆွေးနွေးပွဲကိုနေပြည်တော်ရှိKumudra Ballroom, Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ရာအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂ )ရေးဆွဲရေးဆိုင်ရာဦးဆောင်ကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှဒုတိယဝန်ကြီးများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃ - ၂၀၃၂ )ရေးဆွဲရေးလုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကနိုင်ငံတော်အနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင်အမျိုးသမီးများနှင့်မိန်းကလေးငယ်များသည်အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိပါကြောင်း၊၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေထုတ်ပြန်စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅.၈ သန်းရှိပြီး၊ အမျိုးသားဦးရေသည် ၂၆.၇ သန်းဖြစ်ပြီး  အမျိုးသမီးဦးရေသည် ၂၉.၁ သန်းရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ဖြစ်သည့် မြန်မာအမျိုးသမီးထုကြီး၏စွမ်းဆောင်ရည်ကိုမြှင့်တင်ဆောင်ရွက်ပေးခြင်း၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှကာကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်သည့် အင်အားစုကြီးဖြစ်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ဦးဆောင်မှုနှင့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ကို ဆက်စပ်ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုဖြင့်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊၂၃-၈-၂၀၂၃ရက်နေ့တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက်နှင့်အညီဦးဆောင်ကော်မတီကိုပြင်ဆင်တိုးချဲ့ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ(၁၂)ရပ်ကိုလည်းထပ်မံပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းကာဦးဆောင်ကော်မတီသို့တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ပါလုပ်ငန်းနယ်ပယ်များကိုသက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများကရေးဆွဲထားသည့်လုပ်ငန်းစီမံကိန်းများနှင့်ချိတ်ဆက်ကာကျား၊မရေးရာထည့်သွင်းစဉ်းစားခြင်း(Gender Mainstreaming)ဆောင်ရွက်နိုင်ရန်ဦးဆောင်ကော်မတီဝင်များ၏လမ်းညွန်မှုနှင့်အတူလုပ်ငန်းကော်မတီအားလုံးကဝိုင်းဝန်းပူးပေါင်းရေးဆွဲဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ရေးဆွဲရေးဆိုင်ရာလုပ်ငန်းအစီအစဉ်များအားရှင်းလင်းတင်ပြခဲ့ပြီးလုပ်ငန်းကော်မတီအသီးသီးကမိမိတို့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက်တာဝန်ယူရေးဆွဲထားကြသည့်အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)၏လုပ်ငန်းနယ်ပယ်(၁၂)ရပ်စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့် ပတ်သက်၍ အကြံပြုပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ကာအလုပ်ရုံဆွေးနွေးပွဲအားညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများသို့ ကြည့်ရှုစစ်ဆေးခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့်မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခြင်း၊ မိုခါမုန်တိုင်းဘေးသင့်ဒေသများအတွက် နိုင်ငံတကာ၏ အလှူငွေများလှူဒါန်းခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားနှင့် “အသက်(၆)လမှ (၃)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း”သင်တန်းဆင်းပွဲအခမ်းအနားများသို့တက်ရောက်
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း(၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပခြင်းနှင့် သိုလှောင်ရုံထိန်းသိမ်းရေးသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများ၊ ရုံးများနှင့် ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုလုပ်ငန်းအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဝန်ကြီးများအဆင့်ဖိုရမ် (၂၀၂၃)သို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏တတိယရာထူးအကြီးဆုံးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီးMr. RaoufMazouနှင့်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့်မူလတန်းကြိုကျောင်းများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ရှမ်းပြည်နယ်အတွင်းရှိကိုယ်ဝန်ဆောင်မိခင်များ၊ကလေးသူငယ်များ၊ သက်ကြီးဘိုးဘွားများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် မူလတန်းကြိုကျောင်းများ၊အသိပညာပေးစင်တာဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR