ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ရခိုင်ပြည်နယ်၊စစ်တွေမြို့သို့ရောက်ရှိပြီးမိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးအဆောက်အအုံများပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်အကြမ်းဖက်ခံရသောအမျိုးသမီးများအားယာယီနားခိုရာ (One Stop Women Center)တို့ကိုကြည့်ရှုပြီးလူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။ဝန်ကြီးဌာနအနေဖြင့်ကိုယ်ဝန်ဆောင်မှသည်သက်ကြီးရွယ်အိုထိလူ့ဘဝတစ်လျှောက်လုံးအတွက် လူမှုရေးဆိုင်ရာလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာမူကြိုအရွယ်ကလေးငယ်များ၏ ဗလ(၅)တန် ဖွံ့ဖြိုးရေး၊ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးခြင်းများလည်းပါဝင်ပါကြောင်း၊မိမိတို့ဌာန၏  အသုံးစရိတ်များသည် အသုံးစရိတ်သက်သက်မဟုတ်ပဲရေရှည်ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြုပ်နှံမှုဖြစ်ပါကြောင်းဝန်ထမ်းများသည် ပြည်သူ့အကျိုးကိုရှေ့ရှှုပြီးတာဝန်ထမ်းဆောင်ပေးစေလိုပါကြောင်းမှာကြားပါသည်။

နေ့လယ်ပိုင်းတွင်ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အတူလူမှုဝန်ထမ်းဦးစီးဌာနအိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် လူမှုသဟဇာတဖြစ်ရေးအစီအစဉ်အရဖွင့်လှစ်ထားရှိသည့် ဘာဆာရွာကျေးရွာမှ မူဆလင်ဘာသာဝင် အမျိုးသမီးများ၏ အခြေခံစက်ချုပ်သင်တန်းကိုသွားရောက်ကြည့်ရှုခဲ့ပြီးအသက်မွေးဝမ်းကျောင်းပညာသင်တန်းများကိုကြိုးစားသင်ယူကြရန် ၊ မိမိတတ်ကျွမ်းသည့် ပညာရပ်ဖြင့် မိသားစုဝင်ငွေအားတစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် သင်တန်းဆင်းပြီးသူများ၏ အလုပ်အကိုင်ရရှိမှုများကိုမှတ်တမ်းများဖြင့် စနစ်တကျထားရန် မှာကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် အဖွဲ့သည်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများသိုလှောင်ထိန်းသိမ်းထားရှိမှုအခြေအနေများကိုကြည့်ရှုခဲ့ပြီး၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင်မိမိတို့နိုင်ငံကိုသဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သောနိုင်ငံအဖြစ်ရောက်ရှိစေရေးအတွက်သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကိုအခြားသောဝန်ကြီးဌာနအဖွဲ့အစည်းများနှင့်အစဉ်အမြဲပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်တစ်ဦးချင်းစီအလိုက် အရည်အသွေးတိုးတက်မြင့်မားလာပါကမိမိအတွက်သာမကတိုင်းပြည်နှင့် ပြည်သူလူထုအတွက်ပါ ပိုမိုအကျိုးရှိစေမည်ဖြစ်ပါကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများကိုလေလွင့်ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲ (၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သောမိုခါမုန်တိုင်းကြောင့်ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကမုန်တိုင်းသင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့နေရပ်စွန့်ခွာသွားသူများပြန်လည်လက်ခံနိုင်ရေးအတွက် ပြန်လည်လက်ခံရေးစခန်းများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များညှိနှိုင်းပေါင်းစပ်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ အာဆာဆိပ်ကမ်းတွင် ရတနာပန်းတောင်းသင်္ဘောပေါ်မှ မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးပစ္စည်းများကရိန်းယာဉ်ဖြင့်ဆိပ်ကမ်းချနေမှုအခြေအနေများ၊ စစ်တွေမြို့ Point အပန်းဖြေစခန်းပြန်လည်ပြုပြင် တည်ဆောက် ထားရှိမှုအခြေအနေများနှင့် စစ်တွေမြို့ ရှုခင်းသာလမ်းပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံအသစ်တည်ဆောက်မည့်မြေနေရာနှင့် မိုခါမုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားသောသိုလှောင်ရုံဟောင်းနေရာများကိုသွားရောက်ကြည့်ရှုခဲ့ပြီးလိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR