ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ဖွင့်လှစ်မည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ နည်းပြသင်တန်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်တွေမြို့မှ  In person တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများ၊ Online ဖြင့် ဆွေးနွေး ပို့ချမည့်နည်းပြများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူတစ်ဦးနှင့်တစ်ဦး ကျား၊ မ၊ အသက်အရွယ်၊ မိသားစုအသိုင်းအဝိုင်း၊ သင်ကြားခဲ့ရသည့်ပညာရပ်များ၊ လူမျိုး၊ ဘာသာစသည်ဖြင့် မတူညီမှုများစွာရှိကြောင်း၊ မတူညီမှုများကိုယိုးမယ်ဖွဲ့ကာ ပူးပေါင်းဆောင်ရွက်မှုမရှိပါက လူမှုသဟဇာတမဖြစ်နိုင်တော့ပါကြောင်း၊ မတူညီမှုများထဲမှ တူညီသည့်အချက်များမှာ လူတိုင်း လူတိုင်းသည် ကြီးပွားတိုးတက်လိုခြင်း၊ ငြိမ်းချမ်းစွာနေထိုင်လိုကြခြင်းတို့ဖြစ်ပါကြောင်း၊ ယင်းတူညီသည့်အချက်များအပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး ပြဿနာမဖြစ်အောင်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင် ဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် Social CohesionSocial Harmony  ကဲ့သို့သော သင်တန်းများသည် အလွန်အရေးကြီးသည့်အတွက် ယခုသင်တန်းကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ပို့ချမည့်ဘာသာရပ်များသည် နိုင်ငံတကာအဆင့်မီဘာသာရပ်များဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် နည်းပြသင်တန်းဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းများသာမက ပြည်သူအများနှင့်ထိတွေ့နေသည့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်းပါဝင်၍ သင်တန်းတက်‌ရောက်သည့်အတွက် ပြည်သူအကြား အတွေးအခေါ်များ မြင့်တက်လာပြီး လူမှုပဋိပက္ခကင်းဝေးသော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ သင်ကြားပို့ချမည့် ဘာသာရပ်ဆိုင်ရာနည်းပြများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိရပ်ရွာအေးချမ်းစေရေးအတွက် လူမှုပေါင်းစည်းရေး၊ လူမှုသဟဇာတဖြစ်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းသည်သာ ကြီးပွား တိုးတက်ရေးကို တက်လှမ်းနိုင်ခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင့်ပွားသင်တန်းများ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆင့်ပွားသင်တန်းမှရရှိသော အသိပညာ၊ ဗဟုသုတများအား လူကိုယ်တိုင်ဖြင့် ရပ်ရွာအတွင်း ထပ်ဆင့်သင်တန်းများပို့ချခြင်းနည်းလမ်းနှင့် Social Media မှတစ်ဆင့် လူတိုင်းနားလည်သဘောပေါက်နိုင်သော အတွေးအခေါ်ဗဟုသုတများဖြင့် မျှဝေခြင်းနည်းလမ်းတို့ဖြင့် အကျိုးရှိရှိပြန်လည် အသုံးချစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ယခုဖွင့်လှစ်သော သင်တန်းသည် လူမှုဝန်ထမ်း လုပ်ငန်းရပ်များအတွက် အခြေခံသင်တန်းမဟုတ်ဘဲ အဆင့်မြင့်လူမှုရေးအတွေးအခေါ်များအား ထည့်သွင်းပေးခြင်းဖြစ်သဖြင့် အဆင့်မြင့်လူမှုရေးလုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ မတူညီသော လူ့အဖွဲ့အစည်းများ၏ အခြေခံအတွေးအခေါ်၊ အယူအဆ၊ ကျင့်ဝတ်၊ ခံယူချက်၊ စိတ်နေစိတ်ထား၊ ယုံကြည်ချက်၊ စရိုက်လက္ခဏာစသည်တို့အနက်မှ ဘုံသဘောတူညီချက်အား သိရှိနားလည်ထား မှသာ ယင်းတို့အကြား လူမှုသဟဇာတဖြစ်ရေးနှင့် လူမှုပေါင်းစည်းရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊  သင်တန်းမှရရှိသော အသိပညာဗဟုသုတများအား သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းအနေဖြင့် မိမိတို့နေ့စဉ် လူမှုဘဝပုံစံတွင် လက်တွေ့လိုက်နာကျင့်သုံးပြီး အခြားသူ များ၏လိုအပ်ချက်အား မိမိတို့၏ အားသာချက်ဖြင့် ဖြည့်ဆည်းဆောင်ရွက်သွားမည်ဆိုပါက လူမှုသဟဇာတရှိသော၊ ပဋိပက္ခကင်းစင်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာမည် ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာရပ်ဖြစ်၍ အလွတ်ကျက်မှတ်ရုံမဟုတ်ဘဲ စိတ်ပါဝင်စားစွာဖြင့် သင်တန်းမှရရှိသော ပညာရပ်သီအိုရီများနှင့် ပေါင်းစပ်၍ လက်တွေ့မြေပြင်ဒေသ၏ သဘောတရားများ၊  လိုအပ်ချက်များအား သိရှိနားလည်ပြီး အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပါကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းအား (၃၀.၅.၂၀၂၂)ရက်နေ့မှ (၃.၆.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရာသီဥတုဖြစ်စဉ်များကြောင့်ထိခိုက်ခံရနိုင်မှုလျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်သည့်အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်းမြို့နယ်(၄)ခုတွင် ဖြစ်ပွားခဲ့သောလေဘေးသင့်သူများအားထောက်ပံ့ခြင်းအခမ်းအနားများသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR