ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသို့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အား ရှင်းလင်း တင်ပြ

မတ်လ(၁၈)ရက်နေ့၊ နေပြည်တော်

          ၂၀၂၁ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများနှင့်ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာ ကွယ်ရေးဥပဒေ(မူကြမ်း)အား ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် Focal ဌာနဖြစ်သည့်အတွက် ရှိသင့်ရှိထိုက်သည့် ဥပဒေများရှိဖို့လိုကြောင်း၊ ယခုဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်ကိုလည်း သိရှိပါကြောင်း၊ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆွေးနွေးရမည့် အဖွဲ့အစည်းများနှင့်ဆွေးနွေးပြီး  အဆင်သင့်ဖြစ်ထားရန် လိုအပ်မှာဖြစ်ကြောင်း၊ ထို့အပြင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီရဲ့ လုပ်ငန်းစီမံချက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းရန် ပါဝင်ပါကြောင်း၊ ယခုရေးဆွဲထားသည့် အခြေအနေအပေါ် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ပေးပို့လာသည့် တင်ပြချက်များကို ပြန်လည်သုံးသပ်ဖို့လိုကြောင်း၊ ယင်းသို့ပြန်လည်သုံးသပ်ဖို့အတွက်  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးကော်မတီဝင်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီး ကော်မတီ အစည်းအဝေးများ ခေါ်ယူဆွေးနွေးသွားရန်လိုအပ်မည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။


          ဆက်လက်၍ ဒုတိယဝန်ကြီးက ပြောကြားရာတွင် ယခုဥပဒေဖြစ်ပေါ်လာရခြင်းသည် အမျိုး သမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဆန်းစစ်မှုများပြုလုပ်ရာ မှာ အမျိုးသမီးငယ်ရွယ်များကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုလုပ်တဲ့ ဖြစ်ရပ်များ ရာခိုင်နှုန်း များလာသည်ကို တွေ့ရှိရပြီး အဓမ္မပြုကျင့်ရာတွင် လူသားမဆန်သည့် ပုံစံများ တွေ့ရှိလာကြောင်း၊ အဆိုပါ အမှုအခင်းများနှင့်ပတ်သက်၍ ရာဇသတ်ကြီးရှိထားသော်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအတွက် လုံလောက်သည့်အကာအကွယ်ပေးနိုင်ရေးအတွက် ရေးဆွဲခဲ့ခြင်းဖြစ်ပါ ကြောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ဆိုင်ရာ မြန်မာနိုင်ငံ၏အစီရင်ခံစာ ဖြေကြားမှုအပေါ် အကြံပြုချက်ပေးပို့လာရာတွင် အမျိုးသမီးများ အတွက် ဥပဒေတစ်ခုရှိဖို့ အကြံပြုချက်များရှိထားသည့်အတွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနဲ့ ဆွေးနွေးပြီး ရေးဆွဲရခြင်းဖြစ်ကြောင်း၊ အဖွဲ့အစည်းများနဲ့ဆွေးနွေးမှု များစွာလုပ်ခဲ့ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရှင်းပြမှုများလည်းပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင် လည်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ ပြဌာန်းရန်အဆင်သင့်ပြင်ဆင်ထားဖို့လိုကြောင်း ပြောကြားခဲ့ ပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေမူကြမ်း ရေးဆွဲဆောင်ရွက်မှုအခြေအနေများနှင့် သက်ဆိုင်ရာ တာဝန်ခံများက ဥပဒေပါ အချက်များအား ပုဒ်မတစ်ခုခြင်းစီအလိုက် ရှင်းလင်းတင်ပြခဲ့ ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့မှ ဆွေးနွေးလမ်းညွှန်မှုများပြုလုပ်ခဲ့ပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ ပြဌာန်းနိုင်ရေးအတွက် မြန်မာ နိုင်ငံ လုံးဆိုင်ရာအမျိုးသမီးကော်မတီ အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ဥပဒေ(မူကြမ်း)အပေါ် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အကြံပြုချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ် ရေးဥပဒေ ပြဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနားမကြားသောကလေးများကျောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းသည့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိသိုလှောင်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့်ဝန်ထမ်းများအား တွေ့ဆုံခြင်း

MOS

DSW

DDM

DOR