ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက်ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို (၃.၁၁.၂၀၂၃) ရက်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိမြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်း          ပြည်နယ်  ပြည်နယ်ဝန်ကြီးချုပ် ဦီးအောင်ဇော်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့်ကလေးသူငယ်များ၊အမျိုးသမီးများ၊သက်ကြီးဘိုးဘွားများ၊မသန်စွမ်းသူများကဲ့သို့အဓိကအားဖြင့်ထိခိုက်လွယ်အုပ်စုများကိုလူ့ဘဝတစ်သက်တာလုံးလွှမ်းခြုံမှုရှိစေရန်ရည်ရွယ်၍ရေးဆွဲထားရှိသည့် မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါလုပ်ငန်းစဉ်များကို  ၂၀၁၄ ခုနှစ်တွင်ရေးဆွဲခဲ့ပြီး ထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက်ရှမ်းပြည်နယ်မှအကျိုးခံစားခွင့်ရှိသူကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်စုစုပေါင်း(၆၈,၈၄၃)ဦးနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၂၇၈၂)ဦးကို ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက၂၀၂၃-၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်အတွင်းရှမ်းပြည်နယ်အတွင်းရှိတည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသောဂေဟာ/ရိပ်သာ(၅၉)ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၃၀၁)ကျောင်းတို့အတွက်ထောက်ပံ့ကြေးများပေးအပ်သွားမည်ဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက  ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့်နိုင်ငံတော်အတွက်အားကိုးအားထားဖြစ်ရသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်လာနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအတွက်ထောက်ပံ့ကြေးများကိုရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်ဇော်အေးထံသို့လည်းကောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးများကို စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စားရှမ်းရိုးမဘိုးဘွားရိပ်သာမှ ကြီးကြပ်ရေးကော်မတီဝင် တစ်ဦးအားလည်းကောင်းပေးအပ်ခဲ့ပါသည်။

ယင်းနောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား သူငယ်တော်ယေဇူးကျောင်းမသန်စွမ်းနှင့်မိဘမဲ့ဂေဟာမှူး က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက  အခမ်းအနားသို့တက်ရောက်လာသည့်သက်ကြီးဘိုးဘွားများ၊ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက်ကလေးများကိုထောက်ပံ့ကြေးများပေးအပ်ခဲ့ပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ ထောက်ပံ့မှုစုစုပေါင်းမှာငွေကျပ်(၄၂၁၂.၆၇၆) သန်းဖြစ်ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်ရှမ်းပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာ၍ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမူလတန်းကြိုကျောင်း၊ ဟိုပုံးမူလတန်းကြိုကျောင်းနှင့်သူငယ်တော်ယေဇူးမသန်စွမ်းဂေဟာများသို့သွားရောက်ခဲ့ပြီးကလေးငယ်များ မူကြိုပညာရေး သင်ကြားနေမှုနှင့် သူငယ်တော်ယေဇူးမသန်စွမ်းဂေဟာရှိ မသန်စွမ်းကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ပါသည်။ မူလတန်းကြိုကျောင်းများတွင် ကလေးများအတွက်ထောက်ပံ့ငွေနှင့်  မုန့်များအားလည်းကောင်း၊ သူငယ်တော်ယေဇူး မသန်စွမ်းဂေဟာတွင် ထောက်ပံ့ငွေ၊  ဆန်ရိက္ခာ၊ ဆီနှင့် မုန့်များအားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေး လိုက်ပါလျှက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁)ထောက်ပံ့မှုအစီအစဉ်အောက်မှကျပ်(၁၄၉.၂၄) သန်းဖြင့်တည်ဆောက်လျက်ရှိသောဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဟိုပုံးမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ‌ပေးစင်တာနှင့်ကယ်ဆယ်ထောက်ပံ့ပစ္စည်းသိုလှောင်ရုံ(၅၀'x၃၀'x၂၈') RCC (၂)ထပ်တည်ဆောက်နေမှုအားကြည့်ရှုစစ်ဆေးပြီးခိုင်ခံ့၍ရေရှည်အသုံးပြုနိုင်သောအဆောက်အဦဖြစ်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီဆောက်လုပ်ပြီးစီးရေး၊ ခွင့်ပြုရရှိထားသောရန်ပုံငွေကိုအကျိုးရှိထိရောက်သောအသုံးပြုမှုဖြစ်စေရေးတို့အတွက်တာဝန်ရှိသူအဆင့်ဆင့်ကအလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR