ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်

 

အာဆီယံ၏ One ASEAN One Response မူအရ မလေးရှားနိုင်ငံ၊ ဆူဘန်းမြို့နှင့် ထိုင်းနိုင်ငံ၊ ချိုင်နတ်မြို့တို့ရှိ AHA Center ၏ သိုလှောင်ရုံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများကို (၂၁-၅-၂၀၂၃)ရက်နေ့တွင် လှူဒါန်းခဲ့။

 

ASEAN- ERAT အဖွဲ့ဝင်(၁၀)ဦးနှင့်အတူ မြန်မာနိုင်ငံသား ERAT အဖွဲ့ဝင်(၄)ဦးတို့ဖြင့် မုန်တိုင်းဒဏ်သင့် ဒေသရှိ မြို့နယ်(၄)ခုသို့ အဖွဲ့(၂)ဖွဲ့ဖြင့် ကွင်းဆင်းစစ်တမ်းကောက်ယူနေ။


တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၃၂၁၄) ဖွဲ့နှင့် ချင်းပြည်နယ်တွင် (၉၄၅) ဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၁၃) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၅၇)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂၁)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

 

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၁၄၅၃)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၁၄၄)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်အတွက် ရေပေးဝေသည့်ဂါလံ (၆၆၄၅၀) ဖြင့် အကျိုးပြုလူဦးရေ (၃၃၀၀၀)ဦးအား ရေသန့်စင်ကား (၅)စီးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

အရေးပေါ်ဆက်သွယ်ရေးကဏ္ဍအနေဖြင့် Satellite Terminal နှင့် Mobile BTS အပါအဝင် ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးပစ္စည်း (၇) လုံး၊ ချင်းပြည်နယ်တွင် (၂) လုံး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၉၂၆၉) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၃၀၈) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၂၄၈) အိမ်ထောင်စာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၉၅၅) အိမ်ထောင်စာ၊ မကွေးတိုင်းဒေသကြီးတွင် (၆၅) အိမ်ထောင်စာနှင့် မြို့နယ်အထွေထွေအုပ်နှင့် DMC ရုံးများတွင် (၃၅၅၀)အိမ်ထောင်စုစာ သိုလှောင်ထားရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၇၃၂)လိပ်၊ မိုးကာတဲ (၁၁၀၉)လုံး၊ သွပ် (၂၄၀၉၇၆)ချပ်၊ သွပ်သံ (၂၁.၈၄)ပိဿ၊ အိမ်ရိုက်သံ (၆၄၂၄.၂)ပိဿ၊ ချိန်းဆော (၄၄)လက်၊ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကာတဲ (၂၀၉)လုံး၊ သွပ် (၇၂၆၉)ချပ်၊ မကွေးတိုင်းဒေသကြီးတွင် မိုးကာတဲ (၁၀၃)လုံး၊ သွပ် (၉၉၀)ချပ်နှင့်စစ်ကိုင်းတိုင်းဒေသကြီတွင် မိုးကာတဲ (၅၂၆)လုံးနှင့် သစ်ခွဲသား (၁၁၆၈.၆)တန်၊ ခေါက်ဆွဲခြောက် (၂၃၈၈၃၀)ထုပ် တို့ကို ပြင်ဆင်ထားရှိခြင်း၊

 

 

ကျန်းမာရေးသုံးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၂၁၇၀၀၀)ထုပ်၊ Disaster Kit (၂၂၀)ပုံး၊ Emergency Light (၉၀၀)ခု၊ IEHK (၁၁၄)ပုံး၊ ကလိုရင်းဆေးမှုန့် (၁၀၀)ပုံး၊ အိမ်သာခွက် (၃၀၀၀)ခုနှင့် ရေသန့်ဆေးပြား (၂၂၁၂၀၀၀)ခု၊ ချင်းပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၅၅၀၀)ထုပ်၊ Disaster Kit (၈၀)ပုံး၊ Emergency Light (၁၀၀)ခု၊ ကလိုရင်းဆေးမှုန့် (၃၇)ပုံး၊ IEHK (၂၄)ပုံး၊ ရေသန့်ဆေးပြား (၂၂၄၀၀၀)ခု၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ဓါတ်ဆားမှုန့် (၅၀၀၀၀)ထုပ်၊ Disaster Kit (၅၄၉)ပုံး၊ IEHK (၁)ပုံး၊ ကလိုရင်းဆေးမှုန့် (၅၀)ပုံး၊ ရေသန့်ဆေးပြား (၁၀၀၈၀၀၀)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် Disaster Kit (၈၇)ပုံး၊ IEHK ()ပုံး၊ ကလိုရင်းဆေးမှုန့် (၃၁၅)ပုံး၊ ရေသန့်ဆေးပြား (၁၉၂၀၀၀)ခု၊ မကွေးတိုင်းဒေသကြီးအတွက် ရေသန့်ဆေးပြား (၃၀၀၀၀၀)ခု၊  ကလိုရင်းဆေးမှုန့် (၁၄၂)ပုံး၊ Disaster Kit (၁၀)ပုံး၊ IEHK (၄)ပုံး တို့ကို ပို့ဆောင်ခြင်း၊

 

ကနဦးကွင်းဆင်းစာရင်းကောက်ယူမှုအနေဖြင့်  ရခိုင်ပြည်နယ်တွင် (၁၇)ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁)ဖွဲ့နှင့် မကွေးတိုင်းဒေသကြီးတွင် (၁)ဖွဲ့ဆောင်ရွက်လျက်ရှိပါသည်။

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄ ဦး

 

ဒဏ်ရာရ  -  ၁၃၁ ဦး

 

နေအိမ်ပျက်စီး  -  ၂၆၁၀၄၉ လုံး

 

စာသင်ကျောင်း  -  ၁၇၆၀ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၃၀၁၈ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၄၆၀ ခု

 

တာဝါတိုင်    -  ၁၄ တိုင်

 

ဓာတ်တိုင်   -  ၉၉၅၄ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၄၈၇၇၇၆ ကောင်

 

လမ်း၊တံတား၊အဆောက်အဦပျက်စီးဆုံးရှုံးမှုအနေဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် (၄၅၄၄.၃၅၁)သန်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်
အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ သွားရောက်စစ်ဆေးကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ဂေဟာ၊ICT Training Centerများသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

MOS

DSW

DDM

DOR