ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၁၃) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၅၇)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂၁)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

  

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၁၉၄၆)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၁၄၄)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်အတွက် ရေပေးဝေသည့်ဂါလံ (၁၆၄၅၂၈) ဖြင့် အကျိုးပြုလူဦးရေ (၃၃၀၀၀)ဦးအား ရေသန့်စင်ကား (၅)စီးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၈၉ % ရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၆၇၉၀) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၃၀၈) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၂၄၈) အိမ်ထောင်စာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၅၃၆) အိမ်ထောင်စာ၊ မကွေးတိုင်းဒေသကြီးတွင် (၆၅) အိမ်ထောင်စာနှင့် မြို့နယ်အထွေထွေအုပ်နှင့် DMC ရုံးများတွင် (၃၅၅၀)အိမ်ထောင်စုစာ သိုလှောင်ထားရှိခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးအတွက် ၃၅ % နှင့် ပညာရေးအတွက် ၄၆ % ဆောင်ရွက်လျက်ရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၆၉)လိပ်၊ မိုးကာတဲ (၇၆၅)လုံး၊ သွပ် (၂၈၅၀၉၁)ချပ်၊ သွပ်သံ (၈၃၅၀)ပိဿ၊ အိမ်ရိုက်သံ (၄၂၅၆၉.၉)ပိဿ၊ ခေါက်ဆွဲခြောက် (၀၅၈၃၀)ထုပ် ဆန် (၂၁၈၀၇)အိတ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကာတဲ (၂၀၉)လုံး၊ သွပ် (၇၂၆၉) ချပ်၊ ခေါက်ဆွဲခြောက် (၃၀၀၀၀)ထုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးကာတဲ (၅၂၆)လုံး၊ မကွေးတိုင်းဒေသကြီးတွင် မိုးကာတဲ (၁၀၃)လုံး၊ သွပ် (၉၉၀)ချပ် နှင့် သစ်ခွဲသား (၁၀၂၃)စစ်တွေမြို့သို့ရောက်ရှိပြီး ဆက်လက်တင်ပို့ဆဲ သစ်ခွဲသား(၄၆၈.၅)တန်၊ ရန်ကုန်မြို့တွင် အသင့်ရှိ သစ်ခွဲသား (၂၆၀)တန် ပြင်ဆင်ထားရှိခြင်း၊

 

ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူရန်အတွက် အိမ်ရိုက်သံ (ဆိုဒ်စုံ) (၄၅)တန် ပြင်ဆင်ထားရှိခြင်း၊

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄ ဦး

 

ဒဏ်ရာရ  -  ၁၃၂ ဦး

 

နေအိမ်ပျက်စီး  -  ၂၆၂၄၆၆ လုံး

 

စာသင်ကျောင်း  -  ၁၈၃၅ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၃၅၃၈ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၄၈၇ ခု

 

တာဝါတိုင်    -  ၁၄ တိုင်

 

ဓာတ်တိုင်   -  ၈၄၈၈ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၃၈၄၅၅၂ ကောင်

နောက်ဆုံးရသတင်းများ

(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR