ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ အဓိကအားဖြင့် ထိခိုက်လွယ်အုပ်စုများကို လူ့ဘဝတစ်သက်တာလုံး လွှမ်းခြုံမှုရှိစေရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါမဟာဗျူဟာစီမံချက်တွင် အဓိကလုပ်ငန်းစဉ်(၈)ရပ်ပါဝင်ပြီး၎င်းတို့အနက် ငွေကြေးထောက်ပံ့ခြင်း လုပ်ငန်းအစီအစဉ်(၂)ရပ်ဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် - MCCT” နှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်တို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်ရာတွင် အကျိုးခံစားခွင့်ရှိသူများထံသို့ ငွေကြေးများတိုက်ရိုက်ထောက်ပံ့ခြင်း (Cash in Envelope) နည်းလမ်းကိုသာ အသုံးပြုလျက်ရှိပါကြောင်း၊ ထောက်ပံ့ကြေးငွေပေးအပ်ခြင်းနည်းလမ်းများနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်နိုင်ရေး၊ အကျိုးခံစားခွင့်ရှိသူများထံသို့ထောက်ပံ့ငွေများ အပြည့်အဝရရှိရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ တိကျမှန်ကန်စွာ သုံးစွဲနိုင်ရေးတို့အတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့်တင်ပြသွားမည့် ထောက်ပံ့ကြေးငွေပေးအပ်ခြင်းနည်းလမ်းများအပြင် ရေရှည်ဆောင်ရွက်နိုင်မည့်အခြားအကြံပြုလိုသည့်နည်းလမ်းများ၊ နည်းပညာများကိုလည်း မျှဝေအကြံပေး ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသောလုပ်ငန်းများ၊ ပြောင်းလဲအသုံးပြုလိုသည့် ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပါသည်။

ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့်ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာအစည်း အဝေးကိုရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် မြန်မာ့သက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်အတွက် ဝန်ကြီးဌာနများအလိုက် ဇာတ်တိုက်လေ့ကျင့်လျက်ရှိရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကအလှများ ဖြင့် ပါဝင်ဆင်နွဲရန်အတွက် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်ကို ဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယခုနှစ် သင်္ကြန်ပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိလူမှုဝန်ထမ်းဦးစီးဌာနယိမ်းအဖွဲ့မှ ရေတွေစိုကုန်ပြီ၊ နွေဦးကဗျာသီချင်းများဖြင့်လည်းကောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ယိမ်းအဖွဲ့မှမူယာကျော့၊ ကျီစားသလားသီချင်းများဖြင့်လည်းကောင်း နေ့အလိုက် ပါဝင်ဖျော်ဖြေဆင်နွှဲသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်အောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် တက်ရောက်နေသူများအားပညာသင်ထောက်ပံ့ကြေးငွေများပေးအပ်ခြင်းအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်လူမှုဝန်ထမ်းရုံး၊ လူငယ့်အားမာန်သင်တန်းကျောင်း၊ မူလတန်းကြိုကျောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး၊ မြောင်းမြခရိုင်လူမှုဝန်ထမ်းရုံး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမြောင်းမြခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ထောက်ပံ့မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ဟိုပုံးမူလတန်းကြိုကျောင်း၊ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးစင်တာနှင့် သိုလှောင်ရုံတို့သို့ သွားရောက်စစ်ဆေး
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင် နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများအား လေ့လာမှုဆိုင်ရာသုတေသနစာတမ်း၏ တွေ့ရှိချက်များကို သုံးသပ်အကြံပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
ဘေဂျင်းလုပ်ငန်းစီမံချက်၏ လုပ်ငန်းနယ်ပယ် ၁၂ ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် နိုင်ငံအဆင့်လေ့လာသုံးသပ်မှုအစီရင်ခံစာBPFA + 30တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

MOS

DSW

DDM

DOR