ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုကာကွယ်စောင့်ရှောက်ရေးအညွှန်းကိန်းတွက်ချက်ရေးညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌လည်းကောင်း၊ နေ့လယ်ပိုင်းတွင် လူမှုစီးပွားရေးဆိုင်ရာလုပ်ငန်း (Social Enterprise) သင်တန်းဆင်းပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ Naypyitaw State Academy တွင်လည်းကောင်း ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

လူမှုကာကွယ်စောင့်ရှောက်ရေး အညွှန်းကိန်းတွက်ချက်ရေးညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan-MSDP)”တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို ထည့်သွင်းဖော်ပြထားပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုကိုလည်း အမျိုးသားညွှန်ကိန်းမူဘောင်(National Indicator Framework-NIF) ဖြင့် တိုင်းတာနိုင်ရန်ရေးဆွဲထားရာအစီရင်ခံစာများ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၏တိုးတက်မှုများကိုတိုင်းတာရန်လူမှုကာကွယ်စောင့်ရှောက်ရေးအညွှန်းကိန်းများကို တွက်ချက်ရပါကြောင်း၊ဆက်စပ်ဝန်ကြီးဌာနများ၏ အချက်အလက်များကို ထည့်သွင်းတွက်ချက်ရသဖြင့် မူဝါဒနှင့်ကိုက်ညီသည့် အဖွဲ့အစည်းများမှ လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်  အချက်အလက်များပါ ထည့်သွင်းတွက်ချက်နိုင်ရေး ဆောင်ရွက်သွားဖို့လိုပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည်ပြည်သူလူထုအတွက် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သကဲ့သို့ပြည်သူလူထုကို အမှန်တကယ်တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများဖြစ်သည့်အတွက် အညွှန်းကိန်းတွက်ချက်သည့်အခါတွင် အသုံးစရိတ်ခေါင်းစဉ်များမကျန်ရှိစေရေး၊ အချက်အလက်များ မှန်ကန်တိကျစေရေးတို့အတွက် ထည့်သွင်းသင့်သည့်အသုံးစရိတ်များကို ပွင့်ပွင့်လင်းလင်းဝိုင်းဝန်းဆွေးနွေးပေးရန် လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ၊ Naypyitaw State  Academy နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူမှုစီးပွားရေးဆိုင်ရာလုပ်ငန်း(Social Enterprise)သင်တန်းဆင်းပွဲအခမ်းအနားကိုNaypyitaw State  Academy ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအခန်းကဏ္ဍသည်အဓိကနေရာကပါဝင်ပါကြောင်း၊ထုတ်ကုန်များကို တီထွင်ဖန်တီးဆန်းသစ်နိုင်စေမှု၊ ထုတ်ကုန်အရည်အသွေးမြင့်မားမှု၊ နည်းပညာနှင့်ဈေးကွက်စီမံခန့်ခွဲမှု စသည်တို့သည် လူမှုစီးပွားရေးလုပ်ငန်းများတိုးတက်အောင်မြင်ရန်လိုအပ်သည့်အချက်များဖြစ်ပါကြောင်း၊နိုင်ငံလူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် စီးပွားရေး ကဏ္ဍများတွင် ပိုမိုပါဝင်ပြီး ဦးဆောင်နိုင်မှု အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ အမျိုးသမီးစွန့်ဦးတီထွင်သူများ၊ အမျိုးသမီးနည်းပညာရှင်များအဖြစ် မွေးထုတ်ပေးရန်၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ငွေကြေးလက်လှမ်းမီမှု (digital literacy and financial inclusion) လုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်နိုင်ရန် ဆောင်ရွက်ပေးခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အရည်အသွေးများကို မြှင့်တင်ပေးပြီး စီးပွားရေးကဏ္ဍကို တတ်အားသ၍ ဖြည့်ဆည်းပေးရန်လိုပါကြောင်း၊လေ့လာသင်ယူပြီးသည့် ပညာရပ်များကို လက်တွေ့အသုံးချနိုင်ရန်နှင့် လက်ဆင့်ကမ်းမျှဝေသွားရန်၊ တီထွင်ဖန်တီးမှုများနှင့်အတူ Brand ဝင်၍ Quality ကောင်းသောထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး  နိုင်ငံတော်အတွက် လိုအပ်သည့်လူစွမ်းအားအရင်းအမြစ် (Resource Person) များကို မွေးထုတ်ပေးကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များကိုပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများကချီးမြှင့်ခဲ့ပြီးပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် အမျိုးသမီးကျောင်းများမှသင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ Naypyitaw State Academy မှ ဆရာ၊ ဆရာမများမှ (၃) ရက်တာသင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR