ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအောက်ရှိလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပရာအစည်းအဝေးသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ(၁)စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ ဒုတိယဥက္ကဋ္ဌ(၂)တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများမှအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ(၁) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ၌စာနာ/သက်မွေးလုပ်ငန်းကော်မတီအနေဖြင့် ပြီးခဲ့သောအမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်အရ IDP နှင့် တိုက်ပွဲရှောင်စခန်းများအတွက် လုပ်ငန်းကော်မတီစီမံချက်‌ရေးဆွဲပြီးအမျိုးသားအဆင့်ကော်မတီကိုတင်ပြရန်ရှိသည့်အတွက်လုပ်ငန်းကော်မတီဝင်ဌာနများက ပေးပို့လာသောအချက်အလက်များကိုစုစည်းပြီးစီမံချက်ရေးဆွဲထားမှုအခြေအနေအပါဝင် အစည်းအဝေးဆုံးဖြတ်ချက် များနှင့်စပ်လျဉ်းပြီးအစည်းအဝေးခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊  လုပ်ငန်းကော်မတီအနေဖြင့်အမျိုးသားအဆင့်ကော်မတီ၏လမ်းညွှန်ချက်များနှင့်အညီလုပ်ငန်းကော်မတီ၏ဆောင်ရွက်ချက်များကို (၂)လတစ်ကြိမ်နှင့် (၆)လတစ်ကြိမ် အစီရင်ခံစာများပြုစုပြီးအမျိုးသားအဆင့်ကော်မတီသို့ပုံမှန်တင်ပြလျက်ရှိပါကြောင်း၊စီမံချက်များတင်ပြရာတွင် IDP နှင့် တိုက်ပွဲရှောင်စခန်းများပြန်လည်နေရာချထားမည့် ဒေသများ၌ ထိရောက်စွာဆောင်ရွက်ပေးရန် ဖြစ်သည့်အတွက် အကောင်အထည်ဖော်‌ဆောင်ရွက်မည့် အစီအစဉ်များကိုပြန်လည်နေရာချထားမည့်နေရာများ၌သာဦးစားပေးရွေးချယ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ထို့အပြင် IDP အမျိုးသားအဆင့်ကော်မတီ၏ (၃/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်တွင် ပါရှိသောလုပ်ငန်းကော်မတီကဆောင်ရွက်ရမည့်ဆုံးဖြတ်ချက်များကိုစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ အသက်မွေးဝမ်းကေျာင်းလုပ်ငန်းများဖော်ဆောင်ပေးရာတွင်သင့်လျော်သည့် သင်တန်းများ၊ နည်းပညာများနှင့် ထောက်ပံ့မှုများဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ဆောင်ရွက်မည့်ဒေသအများစုသည်တိုင်းရင်းသားများနေထိုင်သည့်ဒေသများဖြစ်သောကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပတ်သက်ပြီးအလေးထားဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ခြေအဆင့်အထိသိရှိနားလည်သဘောပေါက်ကာပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးစီမံဆောင်ရွက်ကြရန် တို့ကိုပြောကြားပါသည်။

လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကယခင်လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၂/၂၀၂၂) ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းကော်မတီ၏ စီမံချက်ရေးဆွဲဆောင်ရွက်ထားမှုအခြေအနေများကိုရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသောအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများကဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကိုသက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများကလိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ပါသည်။

လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ(၂)တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဌာနအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအတွက် သက်ဆိုင်ရာဌာနများ၏  ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲကြရန်၊ အကူအညီပေးမည့်၊ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများနှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် ဉပဒေ၊ ညွှန်ကြားချက်များနှင့်အညီစနစ်တကျ ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းများကိုရေးဆွဲထားသောစီမံချက်နှင့်အညီအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR