ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်မင်္ဂလာသီရိဟိုတယ်၊နေပြည်တော်၌ ကျင်းပရာ မြန်မာနိုင်ငံ သက်ကြီးရွယ်အို များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ကို မြန်မာနိုင်ငံတွင် (၁၉၉၉)ခုနှစ်ကတည်းကစတင်ကျင်းပခဲ့ပြီး ယခုနှစ်(၂၅)ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဆောင်ပုဒ်သည် သက်ကြီးသူများဘဝသာယာဖို့သက်ရွယ်စုံညီပါဝင်လို့ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့” “Fulfilling the Promises of the Universal Declaration of Human Rights for Older Persons: Across Generations” ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများသည် လူ့အဖွဲ့အစည်းအတွက် တာဝန်ကျေခဲ့သူများဖြစ်ပြီး လက်ရှိ လူမှုအဖွဲ့အစည်းများအတွက်လည်း အကျိုးရှိနေဆဲ အသုံးဝင်နေဆဲဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် ခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေးများကို မျိုးဆက်သစ်များက ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများနေ့ကိုဂုဏ်ပြုသောအားဖြင့်တစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးဖြစ်သူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အဘိုးဦးအောင်ထွန်း(၁၂၁)နှစ်နဲ့ အသက်အကြီးဆုံး အဘွားဖြစ်သူ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်က အဘွား ဒေါ်ချောယဥ်(၁၂၃)နှစ်တို့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းစီကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်များမှတစ်ဆင့် လွှဲပြောင်းပေးအပ် ဂုဏ်ပြုပြီးဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင်ကျန်းမာရေးစောင့်ရှောက်မှုများတိုးတက်ကောင်းမွန်လာခြင်း၊လူ့သက်တမ်းမြင့်မားလာခြင်း၊ကလေးမွေးဖွားနှုန်းကျဆင်းလာခြင်းတို့ကြောင့်ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုဦးရေမြင့်တက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း၂၀၁၉ခုနှစ်၊ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရသက်ကြီးဦးရေ(၅.၂)သန်းခန့်ရှိရာမှပြည်သူ့အင်အားဦးစီးဌာန၏ (၁.၁၀.၂၀၂၃)ရက်နေ့ရှိခန့်မှန်းလူဦးရေစာရင်းအရသက်ကြီးရွယ်အိုများဦးရေသည် (၆.၃)သန်းကျော်ထိ တိုးလာပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ၏စီးပွားရေးဆိုင်ရာမူဝါဒများ၊လူမှုရေးဆိုင်ရာမူဝါဒများကိုပြန်လည်သုံးသပ်ပြီးအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်ပါကြောင်း၊သက်ကြီးရွယ်အိုများ၏အသိပညာအတွေ့အကြုံဗဟုသုတများသည်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်ပါကြောင်း၊ဥပဒေနှင့်အညီ သက်ကြီးရွယ်အိုများ၏အခွင့်အရေးများ ရရှိ‌စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေများအရဘိုးဘွားရိပ်သာများကို တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊နည်းပညာနှင့်ငွေကြေးထောက်ပံ့မှုပေးခြင်းများ ဆောင်ရွက်နေသကဲ့သို့ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကိုလည်းရန်ကုန်မြို့၌ဖွင့်လှစ်ထားရှိပါကြောင်း၊ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်(၂၀၁၄)အရသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ကို၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ထောက်ပံ့လျက်ရှိရာ လက်ရှိတွင် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ(၁၉၈,၇၂၁)ဦးရှိပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို၂၀၁၇ ခုနှစ်တွင်ဖွဲ့စည်းနိုင်ခဲ့ပြီး ဒေသဆိုင်ရာကော်မတီများကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊သက်ကြီးရွယ်အိုများ၏ အခွင့်အ‌ရေးများကို  လူ့အဖွဲ့အစည်းတစ်ခုလုံးက ဆက်လက်ကြိုးပမ်းဖြည့်ဆည်းပေးကြရမှာဖြစ်ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များကလည်း လူ့အဖွဲ့အစည်းအတွက် မိမိတို့၏ အသိပညာ၊အတတ်ပညာများဖြင့် ပံ့ပိုးပေးကြဖို့လည်း တိုက်တွန်းလိုပါကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့်အညီမြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေး၊ သင့်လျော်သော အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး၊ အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး၊  နေ့ပိုင်းစောင့်‌ရှောက်ရေး ဂေဟာများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဘိုးဘွားများအား ဆေးဝါးပစ္စည်းနှင့် အလှူငွေများပေးအပ်လှူဒါန်းခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ အခမ်းအနားသို့ တက်ရောက်လာသော အဘိုးအဘွားများအား ဆေးစစ်ဆေးမှု (Medical Check Up)ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR