ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၏ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေး နှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ်၊ ဇွန်လ၊ (၁) ရက်နေ့၊ နံနက်ပိုင်းတွင်ကျင်းပရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

               သင်တန်းသို့ မူးယစ်ဆေးဖြတ်ပြီးသူ သင်တန်းသား (၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၇-၅-၂၀၂၁) မှ (၁၄-၈-၂၀၂၁)ရက်နေ့အထိရက်ပေါင်း(၉၀)ကြာမြင့်မည်ဖြစ်ပါသည်။

               ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း(ဝက်ထီးကန်)ရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး လိုအပ်သော အဆောက်အဦဆောက်လုပ်ရန် လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာမူဝါဒနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့သည် လူတိုင်းအတွက် သေချာစေရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအခြေခံမူများနှင့် ကိုက်ညီမှုကို အားပေးစေသည့် တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပ
မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

MOS

DSW

DDM

DOR