ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊  မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၌ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်း ဖွင့်ပွဲ အခမ်းအနားအား(၁၇.၁၀.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာ ပြန်လည် ထူထောင်​ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊  ပြည်မြို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝက်ထီးကန် တိုက်နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင် အဆင့်၊ မြို့နယ်အဆင့် အရာထမ်း/အမှုထမ်းများ၊ အရပ်ဖက်မိတ်ဖက်အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းသားများ  တက်ရောက်ခဲ့ပါသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာန ( ရုံးချုပ် ) နေပြည်တော်၊ မူးယစ်ဌာနခွဲမှ  ညွှန်ကြားရေးမှူး ဦးကျော်စွာ မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့့် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊  အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့်နည်းလမ်း အမျိုးမျိုး ကဏ္ဍအဖုံဖုံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးအတွက်  ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ စေတနာ့ဝန်ထမ်းများ  မွေးထုတ် ပေးလျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် (၅)ရပ်အနက် တိုင်းဒေသကြီး / ပြည်နယ်များတွင် မူးယစ်ဆေး ဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်း(၁၄)ခု ဖွင့်လှစ်၍ မူးယစ်ဆေးဖြတ်ပြီးသူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်းများဖြစ်သည့်  လားရှိုးမြို့တွင်  စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအား သင်တန်းသူ အမျိုးသမီး(၂၀)ဦးဖြင့်လည်းကောင်း၊ ဝက်ထီးကန်မြို့တွင် စခန်းအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းအားသင်တန်းသား(၂၀)ဦးဖြင့်လည်းကောင်းဖွင့်လှစ်ခဲ့ပြီး နမ့်လတ်တွင် စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းအား သင်တန်းသား( ၂၀ )ဦးဖြင့်လည်းကောင်း  ဖွင့်လှစ်လျက်ရှိပြီး မြစ်ကြီးနားမြို့တွင် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းအား သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် သက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သင်တန်းများမှသင်တန်းဆင်းပြီး သူများအား နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)တွင် စခန်းအခြေပြု သင်တန်းသား(၁၄၂)ဦး၊ မိဘအပ်သင်တန်းသား(၁၄၁)ဦး၊ ရပ်ရွာအခြေပြုသင်တန်းသား(၅၀)ဦး၊  စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းသား(၃၀)ဦးအား   ယနေ့ထိဖွင့်လှစ်ဆောင်ရွက် ခဲ့ပြီး၊ ယခုဖွင့်လှစ်သည့်စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ကို သင်တန်းသား(၂၀)ဦး ဖြင့်ဖွင့်လှစ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၂ခုနှစ်အတွင်း မန္တလေး၊ ရန်ကုန်နှင့် မြဝတီတို့တွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးခြင်းသည် ဆေးကုသမှုခံယူပြီးသူများအား ပြန်လည်ထူထောင်ရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ပြန်လည်ထူထောင်မှုပေးခြင်းတွင် နောက်ဆက်တွဲစောင့်ရှောက်မှုသည် အရေးကြီးသည့်  အခန်းကဏ္ဍမှာပါဝင်သည့်အတွက် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၏ ပူးပေါင်း ဆောင်ရွက်ခြင်းသည်  အရေးကြီးပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေစခန်း များနှင့်စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူလျှော့ချရေး လုပ်ငန်းများတွင် အောင်မြင်မည်ဖြစ်ပါကြောင်း  ပြောကြားခဲ့ပါသည်။

သင်တန်းကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးကုသရေးဦးစီးဌာနမှ မူးယစ် ဆေးဝါးဆိုးကျိုးနှင့် မူးယစ်ဆေးစွဲခြင်း၊ စိတ်ကြွရူးသွပ်ဆေးအကြောင်းသိကောင်းစရာများ၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအသင်း (MANA)မှ MANA ဘာသာရပ်အကြောင်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးပပျောက် ရေးလုပ်ငန်း၊ မူးယစ်ဆေးဝါးသမိုင်းအကြောင်းနှင့် မူးယစ်ဉပဒေအကြောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်(၅)ရပ်နှင့် စေတနာ့ဝန်ထမ်း ဖွဲ့စည်းပေးရသည့် အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြန်လည်သုံးစွဲခြင်းမှ ကာကွယ်ခြင်း၊ အစီရင်ခံခြင်း၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းမှ အသင်း၏အခြေခံစည်းမျဉ်း၊ အသင်း၏ တာဝန်ဝတ္တရားများနှင့်  နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများအကြောင်း ပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ပြန်လည်ထူထောင်​ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊  ပြည်မြို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ဝက်ထီးကန်တိုက်နယ် အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အရာထမ်း/ အမှုထမ်းများ၊ အရပ်ဖက်မိတ်ဖက်အဖွဲ့အစည်းများ၊ သင်တန်းသား (၂၀)ဦး ၊ စုစုပေါင်း( ၅၀ )ခန့်  တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR