လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားအား(၄-၃-၂၀၂၄) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲမှညွှန်ကြားရေးမှူး ဦးကျော်စွာက မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပါကြောင်း၊  ကမ္ဘာပေါ်ရှိ လူမှုပတ်ဝန်းကျင်ကို စိန်ခေါ်နေသည့် မူးယစ်ဆေးဝါးပြဿနာ ကို ဖြေရှင်းရန်  ပြည်သူနှင့်အတူပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးသည် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို မူးယစ်ထုံထိုင်းစေပြီး စွဲလမ်းမှုဖြစ်ပေါ်စေနိုင်ပါ ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့နိုင်ငံတိုင်း ရင်ဆိုင်နေရသည့် အတွက်  ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက “ Problem of Drug and Drug Problem of People” ဟူ၍ ဆောင်ပုဒ်ထားရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသာမက ဖွံ့ဖြိုးဆဲနိုင်ငံများပါမကျန် မူးယစ်ဆေးအား ဘုံရန်သူအဖြစ် ဖြေရှင်းလျက်ရှိပါကြောင်း၊ ယနေ့ခေတ် လူငယ်များသည် နိုင်ငံ အတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး ပတ်ဝန်းကျင်အတွင်း မူးယစ်ဆေးဝါး ပြဿနာသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည့်အတွက် လူငယ်များအနေဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ရန်မှာ အလွန်ပင်အရေးကြီးပါကြောင်း၊ လူငယ်များအား အသက်အန္တရာယ်ဆုံးရှုံးစေသည်အထိ အဓိက ခြိမ်းခြောက်နေသည်မှာ မူးယစ်ဆေးဝါးပင်ဖြစ်ပါကြောင်း၊ လူသားများ၏ကျန်းမာရေး၊ ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသည့် မူးယစ်ဆေးဝါးများအန္တရာယ်အား ကြိုတင် ကာကွယ်ရန်နှင့် ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနိုင်ရန် အထူးလိုအပ်လှပါကြောင်း၊  ပြန်လည်ထူ ထောင်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ စခန်းအခြေပြု ပြန်လည် ထူထောင်ရေးသင်တန်း (၄၁)ကြိမ်၊ သင်တန်းသား (၈၆၂)ဦး၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင်တန်း(၁၉)ကြိမ်၊ သင်တန်းသား(၆၂၀)ဦး၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း (၂၇)ကြိမ် သင်တန်းသား(၆၆၅)ဦးတို့အား  လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေး ဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)အနေဖြင့် စခန်းအခြေပြုပြန်လည်ထူ ထောင်ရေးသင်တန်း(၉)ကြိမ်၊ သင်တန်းသား(၂၀၂)ဦး၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင်တန်း(၁)ကြိမ်၊ သင်တန်းသား(၅၀)ဦး၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၃)ကြိမ်၊ သင်တန်းသား(၇၀)ဦး၊ မိဘအပ် သင်တန်းသား(၂၆၆)ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ယခုလို စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများအား ဖွင့်လှစ်နိုင်ခဲ့ပြီး မူးယစ်ဆေးစွဲသူလူငယ်လူရွယ်များအား လက်ခံစောင့်ရှောက်ကာ လူငယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသော  မူးယစ်ဆေးဝါးများ၏ အကြောင်းကို သိရှိနားလည် နိုင်စေရန် လိုအပ်ပါကြောင်း၊  မူးယစ်ဆေးဝါးအန္တရာယ်အား မည်သို့ကာကွယ်တိုက်ဖျက်ရမည်ကို သိရှိစေရန်သာမက သတိပြုနားလည်နိုင်ရန်အတွက် အသိပညာပေးခြင်း၊ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ ဘာသာရေးကုထုံး၊ စိတ်အပန်းဖြေမှုအစီအစဉ်များ ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ သက်မွေးပညာရပ်များ သင်ကြားပို့ချ ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးခြင်းနှင့် မိမိတို့ဝါသနာပါရာ အားကစားများ ပြုလုပ်ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းများဖြင့်  လူမှုပတ်ဝန်းကျင်တွင် မိမိတို့ကိုယ်ကို မိမိတို့ယုံကြည်မှုရရှိစေပြီး ကျန်းမာသန်စွမ်းသော လူငယ်များအဖြစ် လူ့စွမ်းအား အရင်းအမြစ်များ ရရှိစေရန်အတွက် ပြုစုပျိုးထောင်လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးပန်းတိုင် (Sustainable Development Goal – SDGs)(၁၇) ရပ်အနက် ပန်းတိုင်(၃)တွင်'' လူတိုင်းစေ့ ကျန်းမာရေးနှင့် သာယာဝပြောရေး”ကို ဖော်ပြထားပြီး လူတိုင်း ကျန်းမာလာစေရေးအတွက် လူတိုင်းမူးယစ်ဆေးဝါးနှင့်ကင်းဝေးဖို့လိုအပ်ပါကြောင်း၊  လူငယ်များ၏ ပညာရည်မြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် အတွေးအခေါ်ကောင်း များ ပိုင်ဆိုင်နိုင်ဖို့ မိဘအုပ်ထိန်းသူနှင့် ပတ်ဝန်းကျင်တို့မှ ပံ့ပိုးဖော်ဆောင်ပေးကြရမှာဖြစ်ပါကြောင်း၊  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရာတွင် ပြည်သူလူထုတစ်ရပ်လုံးမှ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်၊၊

ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုဥက္က ဦးစံရှိန်က သင်တန်း(၃)လတွင် သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များအပေါ်အခြေခံ၍  သင်တန်း သားများမှ မိမိတို့ နေရပ်ပြန်ရောက်သည့်အခါ မိဘများမှ လုပ်ငန်းခွင်အတွင်း ဝင်ရောက်နိုင်ရေး စီစဉ်ပေးရန်လိုအပ်ပါကြောင်း၊ အုပ်ထိန်းသူများအနေဖြင့် သင်တန်းသားများအား အခြေအနေ ပြောင်းလဲမှုရှိ/မရှိ လေ့လာအကဲခတ်ရန်လိုအပ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး အပိုင်း(၃)ပိုင်း တွင် ကုသရေး၊ ပြန်လည်ထူထောင်ရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများဖြစ်ပြီး နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်း ဆိုသည်မှာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းများ အား စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ မိဘများနေဖြင့် မိမိတို့ သား/သမီးများအား မူးယစ်ဆေးဝါးပြန်လည်သုံးစွဲနိုင်သည့် နေရာဟောင်း၊ မိတ်ဆွေဟောင်းများဆီသို့ ပြန်မသွားရန်အတွက် အချိန်ပေးရန် လိုအပ်ပါကြောင်း၊ ဆေးပြန်လည်မသုံးစွဲရေးသည် မိဘများအပေါ်တွင် မူတည်ပါကြောင်းရှင်းလင်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးကျော်စွာ၊  အမှတ်()ရဲလေ့ကျင့်ရေးကျောင်း  ရဲမှူး မြင့်နိုင်၊  ပြည်မြို့ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်း(ခွဲ) ဥက္က  ဦးဇော်ဝင်း၊    မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုဥက္က၊    ခရိုင်အဆင့်၊ မြို့နယ်အဆင့် အရာထမ်း/ အမှုထမ်းများ၊ သင်တန်းသားများ၏ မိဘများနှင့် သင်တန်းသားများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလ အတွင်း သင်တန်းသားများအား ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း၊ အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်း၊ ဘိလပ်မြေအုတ်ရိုက်ခြင်းသင်တန်း၊ ဆံသသင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ စိုက်ပျိုး မွေးမြူရေးဘာသာရပ်များ ပို့ချခဲ့သည့်အပြင် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ စိတ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါသင်တန်း ဆင်းပွဲအခမ်း အနားကို နံနက်(၁၀:၄၅)အချိန်တွင် ပြီးစီးကြောင်းသတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR