လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေးစကားဝိုင်းဆွေးနွေးပွဲကို (၇.၇.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ အခမ်းအနားအစီအစဉ်(၂)ရပ်ဖြင့်  ကျင်းပဆောင်ရွက်ခဲ့ပြီး ပထမပိုင်းအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို ကျင်းပဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့် ပြင်ပပညာရှင်တို့မှ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးမှ သုံးသပ်အမှာစကား ပြောကြားခဲ့ပြီး  (၁၃:၀၀) နာရီအချိန်တွင်  အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း နှင့် အခမ်းအနားသို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာမူဝါဒနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့သည် လူတိုင်းအတွက် သေချာစေရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအခြေခံမူများနှင့် ကိုက်ညီမှုကို အားပေးစေသည့် တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပ
မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

MOS

DSW

DDM

DOR