အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် Regional Consultative Meeting on Promoting the Establishment of Regional Victim Assistance Network သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

 

      အဆိုပါ Regional Consultative Meeting ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူး, Mr. Prum Suonpraseth က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် H.E. Kwon Hee-seog,ambassador of the Mission of the Republic of Korea to ASEAN နှင့် H.E Yeap Samnang, Ambassador/Permanent Representative  of the Kingdom of Cambodia to ASEAN တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ 


     ဆက်လက်၍ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ အာဆီယံဒေသတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ရေးကွန်ရက် တည်ထောင်နိုင်ရေးအတွက် နိုင်ငံအလိုက် ကျင်းပပြုလုပ် ခဲ့သည့် အမျိုးသားအဆင့် ညှိနှိုင်းအစည်းအဝေးများမှ ရရှိလာသည့် အလေ့အထကောင်းများ၊ အခက်အခဲများ၊ အာဆီယံ ဒေသတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ ထောက်ပံ့ရေးကွန်ရက် တည်ဆောက်ခြင်းအတွက် အကြံပြု တင်ပြချက်တို့ကို ရှင်းလင်းဆွေးနွေးကြပါသည်။


      မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် Regional Consultative Meeting on Promoting the Establishment of Regional Victim Assistance Network သို့ပါဝင်တက်ရောက်ခြင်းအားဖြင့် မိုင်းထိပြည်သူများအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အထောက်အပံ့ပေးရာတွင် မိုင်းရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းစဉ်တို့ကို အပြီးသတ်ဆောင်ရွက်ပြီးမှသာ ဆောင်ရွက်ရန်လိုအပ်ခြင်း၊ မသန်စွမ်းသူများအတွက် မှတ်ပုံတင်ခြင်းနှင့် ပံ့ပိုးကူညီမှုများ စသည်တို့ကို လေ့လာသိရှိရကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာမူဝါဒနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့သည် လူတိုင်းအတွက် သေချာစေရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအခြေခံမူများနှင့် ကိုက်ညီမှုကို အားပေးစေသည့် တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပ
မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

MOS

DSW

DDM

DOR