မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည် ထူထောင်ရေးစခန်း(မန္တလေး)တွင် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားအား (၃၁.၃.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ 

သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင်က တစ်ကမ္ဘာလုံးမှာ မူးယစ်ဆေးဝါးကြောင့် နိုင်ငံအသီးသီးရှိ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ထိခိုက်ဆုံးရှုံးလျက်ရှိပါကြောင်း၊ ၁၉၈၇  ခုနှစ်မှာ  ကုလသမဂ္ဂအထွေထွေညီလာခံက  ဇွန်လ(၂၆)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ချိန်ကစပြီး  ကမ္ဘာ့နိုင်ငံ အသီးသီးနည်းတူ မြန်မာနိုင်ငံမှာလည်း နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊  အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်း များနှင့်လည်း နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအဖုံဖုံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)အနေဖြင့် စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းများနှင့် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်ခဲ့ရာ ၂၀၁၈ ခုနှစ်မှာ သင်တန်းသား(၄၀)ဦး၊ ၂၀၁၉ ခုနှစ်မှာ သင်တန်းသား (၉၇)ဦး၊ ၂၀၂၀ခုနှစ်မှာ သင်တန်းသား(၆၈)ဦး၊ ၂၀၂၁ ခုနှစ်မှာ သင်တန်းသား (၁၅)ဦး ၂၀၂၂ ခုနှစ်မှာ သင်တန်းသား (၂၀)ဦး နှင့် ၂၀၂၃ခုနှစ်မှာ သင်တန်းသား (၂၀)ဦး စုစုပေါင်းသင်တန်းသား (၂၆၀)ဦးကို ပြန်လည်ထူထောင်မှု ပေးနိုင်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသော သင်တန်းသားများအား နောက်ဆက်တွဲ စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရန်အတွက် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ် ရေးမှူးသင်တန်း များဖွင့်လှစ်ခဲ့ရာ ၂၀၁၈ ခုနှစ်မှာ သင်တန်းသား(၂၅)ဦး၊ ၂၀၁၉ ခုနှစ်မှာ သင်တန်းသား (၅၉)ဦး၊ ၂၀၂၁ ခုနှစ်မှာ သင်တန်းသား(၃၀)ဦး၊ ၂၀၂၂ ခုနှစ်မှာ သင်တန်းသား(၂၀)ဦး စုစုပေါင်း သင်တန်းသား(၁၃၄)ဦးကို လေ့ကျင့်ပေးနိုင်ခဲ့ပါကြောင်း၊  မြန်မာနိုင်ငံ၏   စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်‌ရေး   ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goal)ရဲ့ ဦးတည်ချက် (၁၆)မှာလည်း “စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းပြီး အားလုံးပါဝင်သော လူမှုအသိုင်းအဝိုင်း များတိုးမြှင့်ရန်၊ လူတိုင်းအတွက်မျှတစွာ တရားစီရင်မှုရရှိစေရန်နှင့် ထိရောက်၍ ယုံကြည်အားထား လောက်ကာ အားလုံးပါဝင်သော အဖွဲ့အစည်းများကို အဆင့်အသီးသီး၌ တည်ဆောက်ရန်” ဟုချမှတ်ထားပါကြောင်း၊  မူးယစ်ဆေးဝါးသုံးစွဲသူတွေရဲ့ စိတ်ပိုင်း/ ရုပ်ပိုင်း ပြန်လည်ထူထောင်ရေး၊ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့လာစေရေးနှင့် လူ့အဖွဲ့အစည်းတိုင်းမှာ အားလုံးအကျုံးဝင် ပူးပေါင်းပါဝင်နိုင်ရေးအတွက် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အရှိန် အဟုန်မြှင့်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် လုပ်ငန်းစဉ်များ ရပ်တန့်ခဲ့ရသည်အတွက် ယခုအခါမှာတော့ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မူးယစ် ဆေးဝါးပပျောက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသည် လူတစ်ဦး တစ်ယောက်၏ စိတ်ပိုင်း/ရုပ်ပိုင်းပြောင်းလဲရုံသာမက မူးယစ်ဆေးသုံးစွဲသူများရဲ့ မိသားစုဝင်များ နှင့် ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲဖျက်ဆီးနိုင်သော အန္တရာယ်ယန္တရား (Dangerous  Mechanism) တစ်ခုဖြစ်ပါကြောင်း၊ သို့သော် မူးယစ်ဆေးဝါးသည် သက်မဲ့အရာဖြစ်တဲ့အတွက် သက်ရှိလူသားများ အနေနှင့် အနိုင်ယူတိုက်ခိုက်ရမှာဖြစ်ပါကြောင်း၊ ဒီလို အနိုင်ယူတိုက်ခိုက်နိုင်ရေး အတွက်လည်း အစိုးရ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေနှင့် သင်တန်းမှပို့ချပေးသော အသိပညာရပ်များ၊ သက်မွေးပညာရပ်များကို မိမိတို့ ပြန်လည်အသုံးချပြီး လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားနေထိုင်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသား (၁)ဦးမှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါ သည်။

ဆင်းပွဲအခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မူးယစ်ဆေးစွဲရောဂါကုရေးဆေးရုံအုပ်ကြီး၊ စိတ်ကျန်းမာရေးဆေးရုံအုပ်ကြီး၊ မူးယစ်တားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှ ရဲမှူးကြီးနှင့် ဒုတိယရဲမှူးကြီး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ အမှတ်(၁)မူးယစ်အထူးတပ်ဖွဲ့မှ ရဲမှူးကြီး၊ အမှတ်(၁၈) မူးယစ် အထူးတပ်ဖွဲ့စုမှ ဒုတိယရဲမှူး၊ မြို့နယ်ရဲတပ်ဖွဲ့စုမှရဲအုပ်များ၊ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး အသင်း(ဗဟို) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမူးယစ်ဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌနှင့် မြို့နယ်တာဝန်ခံများ၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး (ဗဟို) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နည်းပြများ၊ လူမှုရေး အသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသားများ စုစုပေါင်း (၅၀)ဦး တက်ရောက် ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားအား နံနက် (၁၁:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR