ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင် ရေးစခန်း(ရန်ကုန်)တွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားအား (--၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူ များပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က အဖွင့် အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် ဆေးဖြတ်ကုသမှုခံယူ၍ ပြန်လည်ထူထောင်မှုခံယူပြီး လူမှု့အသိုင်းအဝိုင်း၌ ပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရန်လိုအပ်ပါ ကြောင်း၊ မိမိအကျိုးအများအကျိုး ဆောင်ရွက်နိုင်သော မူးယစ်ဆေးဝါးကင်းစင်သည့် လူကောင်း တစ်ယောက်ဖြစ်လာစေရန်အတွက် စေတနာ့ဝန်ထမ်းများ၏ နောက်ဆက်တွဲစောင့်ရှောက်ရေး အခန်းကဏ္ဍမှာအလွန်အရေးကြီးပါကြောင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှု လုံလောက်ကောင်းမွန် မှသာ ပြီးပြည့်စုံသောပြန်လည်ထူထောင်ရေးလုပ်ငန်း ဖြစ်လာနိုင်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း ကို ၂၀၁၉ခုနှစ်မှစ၍ သင်တန်းသား(၂၀)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ ယခု စေတနာ့ဝန်ထမ်းမူးယစ်ကြီး ကြပ်ရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)အပါအဝင် (၆)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအယောက် (၁၂၀)ဦးအား လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ ခေတ် လူငယ်အချို့သည် မူးယစ်ဆေးကိုလူငယ်သဘာဝ အလျောက်စူးစမ်းချင်စိတ်ဖြင့် စမ်းသပ်သုံး စွဲရာမှ မူးယစ်ဆေး၏ ထိန်းချုပ်ခံသားကောင်ဘဝကို ရောက်လာရခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေး သုံးစွဲသူများကို မူးယစ်နွံအတွင်းမှ ရုန်းထွက်နိုင်ရန် ပတ်ဝန်းကျင်ရပ်ရွာလူထုမှ ဝိုင်းဝန်းကူညီ ပံ့ပိုး ပေးရန်လိုအပ်ပါကြောင်း၊ မူးယစ်ဆေး၏ထိန်းချုပ်ခံဘဝမှ လွတ်မြောက်ပြီး မိမိရပ်ရွာလူမှု ပတ်ဝန်း ကျင်အတွင်း ပုံမှန်ပြန်လည်ဝင်ဆံ့နိုင်စေရန်နှင့် မိမိဘဝမိမိရပ်တည်နိုင်စေခြင်းဖြင့် ပြန်လည်ထူ ထောင်ရေး ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရခြင်းသည် ဆေးကုသမှုခံယူပြီးသော်လည်း မူးယစ်ဆေးစွဲလန်းမှု၊ တောင့်တမှု ချေဖျက်ရန်ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်မှုခံယူပြီး မိဘပတ်ဝန်းကျင် အသိုင်းအဝိုင်းသို့ ပြန်လည်‌ရောက်ရှိ သည့်အခါတွင်လည်း နောက်ဆက်တွဲစောင့်ရှောက်ရေးကာလ(၁)နှစ် သတ်မှတ်၍ သင်တန်းသားများ အနေဖြင့် မိသားစု၊ ရပ်ရွာအတွင်း မူးယစ်ဆေးပြန်လည် မသုံးစွဲမိစေရန် ကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရယ်သည် နိုင်ငံနှင့်အဝှမ်းရင်ဆိုင် ကြုံတွေ့နေရ‌သော အခက်ခဲ တစ်ခုဖြစ်ပါကြောင်း၊ ယင်းအခက်အခဲကို အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင် မည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများလျှော့ကျပြီး မူးယစ်ဆေးဝါးကင်းစင်သောဒေသ ဖြစ် လာရန် ဌာနဆိုင်ရာများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ ဒေသတွင်းလူမှုရေး၊ ဘာသာရေးအဖွဲ့ အစည်းများနှင့် ရပ်ရွာလူထုတို့ ပူးပေါင်းချိတ်ဆက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှုပေးရာတွင်လည်း ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းများနှင့် လက်တွဲဆောင်ရွက်နိုင်မှ သာ အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ သင်တန်းမှပို့ချမည့်ဘာသာရပ်များကို စနစ်တကျ လေ့လာမှတ် သား၍ လိုက်နာသင်ယူပြီး နိုင်ငံတော်၏အကျိုးကို တစ်ဖက်တစ်လမ်းမှပံ့ပိုးကူညီနိုင်သော စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများအဖြစ် ပေါ်ထွက်လာနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းအား (၄-၃-၂၀၂၄)ရက်နေ့မှ (၈-၃-၂၀၂၄)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့် လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အရပ်ဖက် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သတင်းမီဒီယာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများနှင့် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး  

စခန်း (ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၄၅)ဦး ခန့်တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်း  

အနားကို နံနက် (၁၀:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR