မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲကို (၁၅.၁၂.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေး အလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေအား တက်ရောက်လာကြသူများက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်ဥပဒေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်နီလာခိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) ပါ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်ပါ ကလေးသူငယ် အခွင့်အရေးများ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်များအတွက် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ အလုပ်လုပ်ကိုင်နိုင်သော ကလေးသူငယ်၏ အသက်အရွယ်များ စသည်တို့ကိုအသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဒေါ်သန်းသန်းအေးက မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်းထားသော အလုပ်ရုံနှင့်အလုပ်သမားဥပဒေပါ အလုပ်လုပ်ကိုင်နိုင်သော ကလေးသူငယ်များ၏ အသက်အပိုင်းအခြားများ၊ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်များမှ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းပြောကြားသွားပါသည်။ ထို့ပြင် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေများ၊ အလုပ်ရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ စသည်တို့ကို ထပ်ဆင့်ရှင်းလင်းပြောကြားသွားပါသည်။ ထို့နောက် မွန်ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက ယနေ့ ဆွေးနွေးပွဲသို့ ကော်မတီဝင်များနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ အခြားလုပ်ငန်းရှင်များတက်ရောက်ပြီး ဥပဒေများကို ရှင်းရှင်းလင်းလင်း သိရှိရသည့်အတွက်  အကျိုးကျေးဇူးများသော အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပေါ်ပေါက်လာပါက လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းရရှိပြီးသော ဖြစ်ရပ်စီမံခန့်ခွဲသူများက စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်စကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ (၁၂:၀၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ကော်မတီဝင်များ၊ မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် အခြားသောလုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR