ကယားပြည်နယ် လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ MCCT အသိပညာပေး သင်တန်း အစီအစဉ်ကို ၂၄-၈-၂၀၂၆ ရက်တွင် လူဦးရေ ( ၃၃ )ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ကယားပြည်နယ်လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူး ဒေါ်စိန်စိန်မော်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများမှ MCCT ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါ သည်။ ထို့နောက် မြန်မာ့စီးပွားရေးဘဏ်(လွိုင်ကော်)မှ တာဝန်ရှိသူများမှ MCCT ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်တွင် ငွေထုတ်ယူခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးများ၊ မြန်မာ့စီးပွားရေးဘဏ် (လွိုင်ကော်)မှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများ၊ ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းလူဦးရေ (၃၃)ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ MCCT အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့် ဌာနအဖွဲ့အစည်းများအား လက်ရှိဆောင်ရွက်လျက်ရှိရာ ထောက်ပံ့သည့် နည်းစနစ်များ၊ ထောက်ပံ့ကြေးပေးအပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့် ကဏ္ဍများနှင့် အစီအစဉ် ထိရောက်မှုရှိစေရေး ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။













