၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ကြီးမှူး၍ (၃.၇.၂၀၂၃) ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ခရိုင် (၁၄) ခရိုင်၊ မြို့နယ် (၄၄) မြို့နယ်မှ အမျိုးသမီးကော်မတီဥက္ကဌများနှင့်ဇနီးများ၊ ထူးချွန်အမျိုးသမီးအားကစားသမားများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူများ၊ မြန်မာအမျိုးသမီးများနေ့အကြို အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ ကျောင်းသူများနှင့် မိဘများ စုစုပေါင်း (၃၈၈) ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊  မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှု Video Clip ပြသခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု Video Clip ပြသခြင်း၊ အ.ထ.က (၂) ဗဟန်းမှ ကျောင်းသူလေးများက လည်းကောင်း၊ အ.ထ.က (၁) ဒဂုံမှ ကျောင်းသူလေးများက လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ Fitness Dance ဖြင့် လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသူလေးများမှ လည်းကောင်း ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပါသည်။ 

ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သော ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း၊ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက်အရှေ့တောင်အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ နိုင်ငံဂုဏ်ဆောင်ဆု တံဆိပ်များရရှိခဲ့ကြသော အမျိုးသမီး (၈) ဦးအား လည်းကောင်း၊  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသူ (၄) ဦးအား လည်းကောင်း၊ ဖျော်ဖြေရေးအစီအစဉ်တွင်ပါဝင်သည့် အဖွဲ့များအားလည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တက်ရောက်လာကြတဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက် လာကြသူများသည် ၂၀၂၃ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ ဓါတ်ပုံပြခန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကျောင်းများမှ ထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး အခမ်းအနားကို နေ့လယ်(၁၂:၀၀)နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ 










နောက်ဆုံးရသတင်းများ

၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂ဝ) ရက်နေ့မှ ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ထိဖွင့်လှစ်ဆောင်ရွက်သည့် “မျက်မမြင်လက်စမ်းစာ အရေး၊ အဖတ် (၃) လ” သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
(၁၉) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌတို့ ပါဝင်တက်ရောက်ခြင်း
လူမှုဝန်ထမ်းဦးစီးဌာန၏ နှစ်(၇ဝ)ပြည့်အထိမ်းအမှတ်အဖြစ် ပြုစုထုတ်ဝေမည့် လူမှုဝန်ထမ်းဦးစီးဌာန သမိုင်းမှတ်တမ်းစာအုပ်ရေးသားပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၌ ကျင်းပဖွင့်လှစ်သော "ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားအား ပြည်သူသို့အသိပညာပေးခြင်းသင်တန်း"
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) (မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

MOS

DSW

DDM

DOR