တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တွင် “ဘဝချမ်းသာအခွင့်အရေးများရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး” ဟူသောဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို (၁.၁၀.၂၀၂၅) ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတွင် ရှေးဦးစွာတက်ရောက်လာကြသော ဧည့်သည်တော်များက ဘိုးဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဘိုးဘွားများအား အလှူငွေနှင့်ကန်တော့ ပစ္စည်းများပေးအပ်ပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ဘိုးဘွားများအား တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များက ကျန်းမာရေးစစ်ဆေးကုသပေးခဲ့ပါသည်။

၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် ကန်တော့ခံ ဘိုးဘွား(၃၀)ဦးအား (၁)ဦးလျှင် ကန်တော့ငွေနှင့် ကန်တော့ပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ်(၁)သိန်း (၅)သောင်းနှုန်းစီဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ အသက်(၁၀၀)နှစ်နှင့် အထက် ဘိုး/ဘွား(၅၁)ဦးအတွက် (၁)ဦးလျှင် (၁)သိန်းနှုန်းစီ ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသက်အကြီးဆုံးအဘိုး(၅)ဦးနှင့် အဘွား(၅)ဦးတို့အတွက် (၁)ဦးလျှင် (၂) သိန်းနှုန်းစီဖြင့်လည်းကောင်း၊ စုစုပေါင်း ငွေကျပ်(၁၁၆)သိန်းတိတိအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ပုသိမ်မြို့ ပမ္မဝတီခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

MOS

DSW

DDM

DOR