ရန်ကုန်တိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေးများ (၂၄.၁၁.၂၀၂၅) ရက်၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် အမှတ် ၆၄၊ ကမ္ဘာအေး ဘုရားလမ်း၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဝင်းအတွင်းရှိ ICT Training Center တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး (ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ)၏ ခွင့်ပြုချက်ဖြင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်လူမှုဝန်ထမ်းရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး)မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီဝင် ဌာနဆိုင်ရာများမှ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးကို နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR