စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်အနုပညာရှင်များ၊ အဆိုတော်များလိုက်ပါ၍ ဧပြီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာနှစ်ဆန်း (၁)ရက်နေ့ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်သစ်အခါသမယ မြန်မာတို့၏ ရိုးရာအစဉ်အလာဖြစ်သော သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က သက်ကြီးဘိုးဘွားများအား ဂါရဝတရားဖြင့် ရှိခိုးကန်တော့၍ အသက်အကြီးဆုံး အဘိုး ဦးသောင်းရွှေ(၈၈)နှစ်နှင့် အသက်အကြီးဆုံးအဘွား ဒေါ်အုံး(၁၀၅)နှစ်တို့အား အာမိသပူဇာပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ အနုပညာရှင်များ၊ အဆိုတော်များနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီးအဘိုး၊ အဘွား(၇၀)ဦးတို့အား အာမိသပူဇာပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြပြီး အဘိုး၊ အဘွားများကိုယ်စား အဘိုးဦးအေးက ဆုတောင်းမေတ္တာပို့သခြင်းနှင့် ဝမ်းမြောက်စကား ပြန်လည်ပြောကြားကာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။



နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR