၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍  အောင်မြေမန္တလာအားကစားကွင်း၌  ( ၁. ၁၂. ၂၀၂၅ ) ရက်၊ နံနက် ( ၀၇း၀၀ ) နာရီအချိန်မှ စတင်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှု အောက်ရှိ မသန်စွမ်းကလေးများသင်တန်းကျောင်းမှ ကျောင်းသား/သူများ၊ နားမကြားသော ကလေးများကျောင်းမှ ကျောင်းသား/သူများနှင့် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု မသန်စွမ်းပုဂ္ဂလိကကျောင်းများမှ ကျောင်းသား/သူများဖြင့် မီတာ(၁၀၀) အပြေးပြိုင်ပွဲနှင့် မီတာ(၅၀)လမ်းလျှောက်ပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်း၊ ညွှန်ကြားရေးမှူးမှလည်းကောင်း၊တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်လင်းအောင်၊ ညွှန်ကြားရေး မှူးတို့မှလည်းကောင်း၊ မသန်စွမ်းသူများအားကစားပြိုင်ပွဲ ကြီးကြပ်‌‌ရေးကော်မတီမှ အဖွဲ့ဝင်များ မှလည်းကောင်း မသန်စွမ်းသူများအားကစား ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခြင်းနှင့် အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော မသန်စွမ်းကလေးသူငယ်များအား နှစ်သိမ့်ဆုများအဖြစ် လည်ဆွဲများချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါအကြိုလှုပ်ရှားမှု မသန်စွမ်းသူအားကစားပြိုင်ပွဲ (ပထမနေ့) အခမ်းအနားအား  နံနက် (၀၉း၁၅) နာရီတွင် ပြီးဆုံးခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR