၄-၆-၂၀၂၆ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကယားပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လွိုင်ကော်မူလတန်းကြိုကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ရင်သွေးငယ်လေးများ၏ မိဘများ စုစုပေါင်း (၉၇) ဦး တက်ရောက်ခဲ့ပါသည်။
ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း ကောင်းစွာသိရှိလိုက်နာစေရန်နှင့် ကလေးအခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင်လည်းကောင်း ပူးပေါင်းပါဝင်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။













