(၃၃) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မော်လမြိုင်မြို့၊ အမှတ်(၁) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များက “လှကမ္ဘာမြေ”သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေ တင်ဆက်ရာ ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 

     ထို့နောက် မော်လမြိုင်မြို့၊ ချောင်းဆုံမြို့၊ သံဖြူဇရပ်မြို့များရှိ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ် ထားသော မူလတန်းကြိုကျောင်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ်ထားသော ဘက်စုံမူလတန်း ကြိုကျောင်းမှ သားငယ်၊ သမီးငယ်များ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်များမှ

တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ခြင်း၊  မော်လမြိုင် ကလေးပြုစုရေးဌာန၊   မော်လမြိုင် လူငယ်သင်တန်းကျောင်းမှ  ကျောင်းသားလေးများက သဘာဝရဲ့ရင်သွေးငယ် တေးသီချင်းဖြင့် အသီးသီးဖျော်‌ဖြေ တင်ဆက်ခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက ဂုဏ်ပြုလက်ဆောင်များ အသီးသီးချီးမြှင့်၍ အခမ်းအနားကို နံနက်(၁၁:၀၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။

အခမ်းအနားသို့  မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ပြည်တွင်း၊ ပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ ရင်သွေးငယ်လေးများ၊ ရင်သွေးငယ်များ၏ မိဘများ စုစုပေါင်းအင်အား (၅၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။



နောက်ဆုံးရသတင်းများ

မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများသော ရပ်ကွက်/ကျေးရွာများသို့ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးရေး၊ လိုအပ်သည့်အထောက်အပံ့များ ရရှိနိုင်ရန်အတွက် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ဆွေးနွေး
VideoConferencing စနစ်ဖြင့် ကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများပါဝင်တက်ရောက်ခြင်း
၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနအောက်ရှိ အကျဉ်း‌ထောင်/အချုပ်ထောင်များမှ အကျဉ်းသူ/အချုပ်သူ ကိုယ်ဝန်ဆောင်မိခင်များနှင့် အကျဉ်းကျ/အချုပ်ကျမိခင်နှင့်အတူပါသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ကြေးပေးအပ်မှုအခြေအနေ

MOS

DSW

DDM

DOR