
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီမှ ၁.၁၀.၂၀၂၄ရက်၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ မင်္ဂလာခန်းမ၌ ပြုလုပ်ကျင်းပခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ကျောင်းသား/သူများ၊ ဘိုးဘွာရိပ်သာ များမှ ကိုယ်စား လှယ်များ၊ အသက်(၈၅)နှစ်နှင့်အထက် ကန်တော့ခံ ဘိုးဘွားများနှင့် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများ စုစုပေါင်း (၃၉၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ အဘိုးအဘွားများမှ “သက်ကြီးပုဂ္ဂိုလ်ဂုဏ်ပြုတေး” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများ မှ DCCA ယိမ်းအဖွဲ့ဖြင့်လည်းကောင်း၊ “Chair Based Exercise” သရုပ်ပြသခြင်းတို့အားလည်းကောင်း၊ ရွှေသံလွင်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများမှ “ခေါင်းကလေးညိမ့်လိုက်ပါ” သီချင်းဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား/သူများမှလည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက်အကြီးဆုံး ဘိုးဘွား(၃)ဦး၏ ကိုယ်ရေး ရာဇဝင်အကျဉ်းအား ဖတ်ကြားတင်ပြပြီး ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေး မည်ဖြစ်ကြောင်း၊ အသက်အကြီးဆုံးဘိုးဘွား (၃)ဦးအား (၁)ဦးလျှင် ငွေကျပ် ၃၀၀,၀၀၀/-နှုန်းနှင့် ကန်တော့ပစ္စည်းများဖြင့်လည်းကောင်း၊ တစ်ခရိုင်လျှင် အသက်(၈၅)နှစ် အထက်ဘိုးဘွား(၃)ဦး စုစုပေါင်း(၄၂)ဦးအား (၁)ဦးလျှင် ငွေကျပ်၂၀၀,၀၀၀/-နှုန်းနှင့် ကန်တော့ပစ္စည်းများဖြင့်လည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့မှ ဘိုးဘွား (၁)ဦးလျှင် ငွေကျပ်၂၀,၀၀၀/-နှုန်းဖြင့်လည်းကောင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့မှဘိုး ဘွား(၁)ဦးလျှင် ငွေကျပ်၂၀,၀၀၀/-နှုန်းဖြင့်လည်းကောင်း စုစုပေါင်း ဘိုးဘွား(၄၅)ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လှူဒါန်းသော ဆေးပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ကြီးများ နှင့်ဇနီးတို့မှ အသီးသီး ဂါရဝပြု ပေးအပ်ကြပါသည်။ ဆက်လက်ပြီး ဖျော်ဖြေရေးအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့်ဇနီးမှ ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ဂုဏ်ပြုခံဘိုးဘွားများကိုယ်စား သက်ကြီး ရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ အဘိုးတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများမှ သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ခင်းကျင်းပြသထားသည့်ပန်းချီပြခန်းအား လိုက်လံကြည့်ရှုအားပေးခဲ့ပါကြောင်းနှင့် အခမ်းအနားကို ညနေ (၁၆:၀၀) နာရီအချိန်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။