အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ ရေးသားရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို (၂၇.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အမျိုးသမီး များ အားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမ အကြိမ်မြောက် အစီရင်ခံစာရေးသားရေးအဖွဲ့မှ ကိုယ်စားလှယ်(၃၀)ဦးနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တွင် ကုလသမဂ္ဂကွန်ဗင်းရှင်း ()ခုကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှုများနှင့် အစီရင်ခံစာများကို ပုံမှန်တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ တင်သွင်းနိုင်ရေး အတွက် ရေးသားရေးအဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာဌာနများမှ လိုအပ်သည့် အချက် အလက်များ()ကြိမ် တောင်းခံခဲ့ပါကြောင်း၊ အဆိုပါ အချက်အလက်များအပေါ် ပြုစုထားသည့် (မူကြမ်း)နှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုနိုင်ရန် ယခုအစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ် ပါကြောင်း၊ အစီရင်ခံစာရေးသားရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုနှင့်အတူ နောက်ဆုံး(final report) အထိရောက်အောင် အဆင့်ဆင့်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးက (CEDAW) ဆဋ္ဌမအကြိမ် မြောက် အစီရင်ခံစာရေးသားရေးနှှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာ သည့် ကိုယ်စားလှယ်များက ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ 1st draft (မူကြမ်း) အပေါ် အကြံပြုဆွေးနွေးခဲ့ကြကာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)က နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးအား ညနေ(၁၆:၄၅)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR