အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ ရေးသားရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို (၂၇.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အမျိုးသမီး များ အားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမ အကြိမ်မြောက် အစီရင်ခံစာရေးသားရေးအဖွဲ့မှ ကိုယ်စားလှယ်(၃၀)ဦးနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တွင် ကုလသမဂ္ဂကွန်ဗင်းရှင်း (၃)ခုကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှုများနှင့် အစီရင်ခံစာများကို ပုံမှန်တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ တင်သွင်းနိုင်ရေး အတွက် ရေးသားရေးအဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာဌာနများမှ လိုအပ်သည့် အချက် အလက်များ(၂)ကြိမ် တောင်းခံခဲ့ပါကြောင်း၊ အဆိုပါ အချက်အလက်များအပေါ် ပြုစုထားသည့် (မူကြမ်း)နှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုနိုင်ရန် ယခုအစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ် ပါကြောင်း၊ အစီရင်ခံစာရေးသားရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုနှင့်အတူ နောက်ဆုံး(final report) အထိရောက်အောင် အဆင့်ဆင့်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက (CEDAW) ဆဋ္ဌမအကြိမ် မြောက် အစီရင်ခံစာရေးသားရေးနှှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာ သည့် ကိုယ်စားလှယ်များက ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ 1st draft (မူကြမ်း) အပေါ် အကြံပြုဆွေးနွေးခဲ့ကြကာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)က နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးအား ညနေ(၁၆:၄၅)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR