မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို (၂၃.၁.၂၀၂၃) ရက်နေ့မှ (၂၇.၁.၂၀၂၃) ရက်နေ့အထိ မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံးအစည်းအ‌ဝေးခန်းမ၌ သင်တန်းသား (၂၅) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါသင်တန်းတွင် ပြည်နယ်ညွှန်ကြားရေးမှူးကိုယ်စား ဒုတိယညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို (၂၃.၁.၂၀၂၃) ရက်နေ့မှ (၂၇.၁.၂၀၂၃) ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှုအခြေခံသဘောတရားများ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်၊ ပဋိပက္ခများနှင့်အကြမ်းဖက်မှု၊ ပဋိပက္ခလေ့လာဆန်းစစ်မှု၊ ပဋိပက္ခခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်ခြင်းဆက်စပ်ပတ်သက်သူများအား လေ့လာဆန်းစစ်ချက်၊ ပဋိပက္ခများကိုကိုင်တွယ်ဖြေရှင်းမှုနည်းလမ်းများ၊ Social Cohesion & Community Cohesion ၊ Plan of Action ၊ လူ့အခွင့်အရေးများအကြောင်းသိကောင်းစရာများ စသည့်ဘာသာရပ်များအား သင်ကြားပို့ချခဲ့ပြီး ဌာနတွင်းသင်တန်းသား (၁၂) ဦး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (၂) ဦး၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ (၁)ဦးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၀)ဦး စုစုပေါင်း သင်တန်းသား (၂၅)ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR