ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဘားအံမြို့နယ်မူးယစ်တပ်ဖွဲ့ တပ်ဖွဲ့စုမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘားအံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးစသည့် ဖိတ်ကြားထားသူ(၂၈)ဦးနှင့် သင်တန်းသား/သင်တန်းသူ(၂၀)ဦး၊ စုစုပေါင်းအင်အား (၄၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ၈.၁၂.၂၀၂၅ ရက်မှ ၁၂.၁၂.၂၀၂၅ ရက်ထိ သင်တန်းကာလ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
အခမ်းအနားတွင်
ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး
ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဘားအံ)မှ
ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြခဲ့ကာ
ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တကွ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ
စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။










