ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကို (၁.၁၂.၂၀၂၅)ရက် နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက်လာသော  ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ညိုမီစော၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အသင်းအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊  လူမှုရေး အသင်းအဖွဲ့များ၊ သူနာပြုကျောင်းနှင့် သားဖွားကျောင်းတို့မှ ကျောင်းသား/သူများ၊  ပရဟိတဂေဟာများမှ ကျောင်းသူများ၊ အခြေခံပညာရေး ကျောင်းများမှ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ  စုစုပေါင်းအင်အား (၄၀၀)ဦးခန့်တို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင်  လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၏ ကြီးကြပ်မှု အောက်ရှိ ဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးထားသော ပရဟိတဂေဟာမှ ကလေး သူငယ်များနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူများက တိုင်းရင်းသားအကနှင့် Fitness Dance အကများဖြင့်ကပြဖျာ်ဖြေခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူး၍ နံနက် (၁၁း၂၅)နာရီအချိန်တွင် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR