၂၀၂၅ ခုနှစ် ၊ဒီဇင်ဘာလ(၂၂)ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လူမှုဝန်ထမ်းဦးစီး ဌာနရုံးတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသင်တန်း ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကို ဒီဇင်ဘာလ (၂၂)ရက် မှ (၂၆) ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းတွင် သင်တန်းသား/သူ(၃၈)ဦး တက်ရောက်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦစီးဌာန၏ လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းပို့ချခဲ့ပါသည်။ သက်ဆိုင်ရာ ဘာသာရပ်များကို ဒုတိယညွှန်ကြားရေးမှုူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ ဦးစီမှူးများမှ ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။












