၃၀-၁၂-၂၀၂၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ၊ လူမှုဝန်ထမ်းရုံး လက်အောက်ရှိ နန္ဒဝန် မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ သားငယ်/ သမီးငယ်လေးများ၊ ကလေးမိဘများ စုစုပေါင်း (၂၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် သားငယ်/သမီးငယ်လေးများမှ ရိုးရိုးပြေးပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ သာရေကွင်းဆယ်ပြိုင်ပွဲ၊ ဂုတ်နီအိတ်စွတ်ပြိုင်ပွဲ၊ ဘောလုံးနင်းပြေးပြိုင်ပွဲ စသည်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ/ ဒုတိယ/ တတိယ ဆုများကိုလည်းကောင်း၊ အထူးဆုများကိုလည်းကောင်း အသီးသီး ချီးမြင့်ခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR