ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ၁၅-၁-၂၀၂၆ ရက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ကျင်းပယှဉ်ပြိုင်ကြသည့် ရိုးရာအားကစားပြိုင်ပွဲများတွင် ကယား ပြည်နယ်လူမှုဝန်ထမ်းရုံးလက်အောက်ရှိ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ် (၁၇၀) ဦး တို့မှ အားကစားနည်း (၁၀) မျိုးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
ထို့နောက်ဆုရရှိသော ရင်သွေးငယ်လေးများအား ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူး ဒေါ်စိန်စိန်မော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။





















