မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုင်ရာဖိုရမ်အား မေလ(၂၂)ရက်နေ့တွင်လည်းကောင်း၊ (၁၈)ကြိမ်မြောက်အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား မေလ(၂၃) ရက်နေ့တွင်လည်းကောင်း၊ (၁၇)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ+၃ အစည်းအဝေးအား ဒီဇင်ဘာလ မေလ(၂၄) ရက်နေ့တွင်လည်းကောင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ လူမှု ဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအ‌ဝေး၏ Focal Person ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ရှင်သန်ရေးကူညီမှုအသင်း(Noble Heart)နှင့် ရွှေမြဝတီ ကိုဗစ်စင်တာ(K’Paw Htaw Foundation)တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မလေးရှားနိုင်ငံ၊ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး အလှည့်ကျဥက္ကဌဖြစ်သူ အမျိုးသမီး၊ မိသားစုနှင့် ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ Secretary General  Datuk Dr. Maziah Binti Che Yusoff က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား “Accelerating the Implementation of ASEAN Commitments for Gender Equality through Gender Mainstreaming and Social Inclusion” Theme ဆောင်ပုဒ်ဖြင့်ကျင်းပခဲ့ရာ  အာဆီယံနိုင်ငံများ၏ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ+၃နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့မှုအခြေအနေများ၊ လူမှုရေးပင်စင်ထောက်ပံ့မှုနှင့်မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှုအခြေအနေများ၊ ကဏ္ဍစုံ၌ ကျား၊မရေးရာအား ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းဖြင့် ကျား၊မတန်းတူညီမျှမှုရရှိစေရန်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(NSPAW)(၂၀၁၃-၂၀၂၂)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် NSPAW Phase II (၂၀၂၃-၂၀၃၂)ရေးဆွဲမှုအခြေအနေများ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း၊ ပြန်လည်ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ ကလေးသူငယ်များအား အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းမှ တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းထားရှိပြီး အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်မှုအခြေအနေများ၊ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသောဒေသများအတွက် ASEAN AHA Center မှ လှူဒါန်းမှုများ၊ မိုခါမုန်တိုင်းဒဏ်သင့်နေရာများသို့  Psychosocial Support Team များဖွဲ့စည်း၍ မုန်တိုင်းဖြစ်ပွားသောဒေသများသို့စေလွှတ်၍ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား စိတ်လူမှုပိုင်းဆိုင်ရာများ ပံ့ပိုးမှုအခြေအနေများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် SOMSWD Work Plan(2021-2025) အောက်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ SOMSWD Myanmar အနေဖြင့် ဦးဆောင်ဆောင်ရွက်မည့် “ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင်နေထိုင်သော သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ရောဂါ၏ အကျိုးသက်ရောက်မှုဆိုင်ရာ သုတေသန” နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပါသည်။  

(၁၈)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ်ကာလအတွင်း ဒုတိယအကြိမ် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (2nd ASEAN Outstanding Social Welfare and Development Award- AOSWADA)ကို ချီးမြှင့်ပေးရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရှင်သန်ရေးကူညီမှုအသင်း(Noble Heart) နှင့်ရွှေမြဝတီကိုဗစ်စင်တာ(K’Paw Htaw Foundation)တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး AOSWADA ဆုကို လက်ခံရရှိခဲ့ကြောင်းသတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR