ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ၁၉-၆-၂၀၂၅ ရက်၊  (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။  အဆိုပါအစည်းအဝေး၌ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ၁၀.၁၁.၂၀၂၁ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စတုတ္ထ ၁ နှစ် သက်တမ်းကို ၁၀-၁၁-၂၀၂၄ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ၆ လတစ်ကြိမ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများတင်ပြလျက်ရှိရာ တတိယ ၁ နှစ်သက်တမ်း၏ ဒုတိယ (၆)လပတ်လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာမှကောက်နှုတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးသို့ပေးပို့ နိုင်ခဲ့ပါကြောင်း၊ စတုတ္ထ သက်တမ်းကာလအတွင်း လုပ်ငန်းကော်မတီအစည်းအဝေး ၁ ကြိမ် ကျင်းပခဲ့ပါကြောင်း၊ စတုတ္ထ ၁ နှစ် သက်တမ်း၏ ပထမ(၆)လပတ်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြနိုင်ရေးအတွက်အစီရင်ခံစာ (မူကြမ်း)အပေါ် လုပ်ငန်းကော်မတီဝင်များက အကြံပြုဆွေးနွေးကာ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်၍ အစီရင်ခံစာ အတည်ပြုနိုင်ရေး အမျိုးသားအဆင့်ကော်မတီသို့ တင်ပြမှာဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ပါလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ သင်တန်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်မှ (၂၈)ရက်ထိ အရာထမ်း/အမှုထမ်း(၃၀)ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊  အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကာလ  စတုတ္ထသက်တမ်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင် ဘာလ(၉)ရက်နေ့မှာ တစ်နှစ်ပြည့်မှာဖြစ်သည့်အတွက် စီမံချက်ကာလ ပဉ္မမသက်တမ်းအတွက် ကြိုတင် ပြင်ဆင်စရာများကို ပြင်ဆင်နိုင်ရေးအတွက် လုပ်ငန်းကော်မတီဝင်များ၏ သဘောထားအမြင်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ အားသာချက်/စိန်ခေါ်မှုများကိုလည်း ထည့်သွင်းဆွေးနွေးပေးရန် ပြောကြားခဲ့ပါသည်။  

ဆက်လက်၍ လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီအစည်းအဝေး(၃/၂၀၂၄)၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများကို တင်ပြဆွေးနွေးပြီးနောက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု စတုတ္ထသက်တမ်း၏ ပထမ(၆)လပတ် အစီရင်ခံစာ (မူကြမ်း)ရေးသားထားမှုကို လုပ်ငန်းကော်မတီ၊ အဖွဲ့ဝင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး က တင်ပြပြီး တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များမှ အကြံပြုဆွေးနွေးခဲ့ပါသည်။ ၎င်းနောက်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်က နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လယ် ၁၄:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။  







နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR