၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍  အောင်မြေမန္တလာ အားကစားကွင်း၌ ( ၂. ၁၂. ၂၀၂၅ ) ရက်နေ့နံနက် ( ၀၇း၀၀ ) နာရီအချိန်မှစတင်၍  လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ပရဟိတ‌ဂေဟာ များမှ မသန်စွမ်းအမျိုးအစားများဖြစ်ကြသော (ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများနှင့် ဉာဏ်ရည်မသန်စွမ်းသူများ )မှ မီတာ (၁၀၀)နှင့် မီတာ (၅၀) အပြေးအားကစား ပြိုင်ပွဲများ၊ ကျား/မလှံတံပစ်အားစကားပြိုင်ပွဲများနှင့် သံလုံးပစ် အားကစားပြိုင်ပွဲများ၊ အမြင်အာရုံမသန်စွမ်းသူများမှ စစ်တုရင်အားကစားပြိုင်ပွဲများ၊ ကိုယ်အင်္ဂါမသန်စွမ်း ကျား/မ ဝှီးချဲအတွန်း အားကစားပြိုင်ပွဲများနှင့် ဂိုး(လ်)ဘောအားကစားပြိုင်ပွဲများဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ အားကစားပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး၊ အားကစားပြိုင်ပွဲဝင် မသန်စွမ်းသူများအား ရင်းနှီးစွာဖြင့် အားပေးနှုတ်ဆက်စကား ပြောဆိုအပြီး  အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော မသန်စွမ်းသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး မသန်စွမ်းသူအားကစားပြိုင်ပွဲ အကြိုလှုပ်ရှားမှု (ဒုတိယနေ့) အခမ်းအနားအား  နံနက် (၁၂း၁၅) နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်(အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး) ရပ်ရွာအခြေပြု Ready to wear စက်ချုပ်သင်တန်းဖွင့်လှစ်
အသက် (၆) လမှ အသက် (၃) နှစ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းနှင့် အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်းတွင် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပ

MOS

DSW

DDM

DOR