မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် မန္တလေးလူငယ်သင်တန်း ကျောင်း၌ သစ်သီးမျိုးစုံ ယိုထိုးနည်းသင်တန်း (၁/၂၀၂၅)နှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း (၂/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ၁၇-၆-၂၀၂၅ ရက်၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်း ဘက်စုံသုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇာနည်အောင်မှ အမှာစကားပြောကြားခဲ့၍ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းမှ အိမ်တွင်းလျှပ်စစ် သွယ်တန်း တပ်ဆင်ခြင်းသင်တန်းမှ ပထမဆု ရရှိသောသင်တန်းသား (၁)ဦးအား လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးမှ ဒုတိယဆုရရှိသော  သင်တန်းသား(၁)ဦးအားလည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းနှင့်ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ပြီး နံနက် (၁၁း၀၀)နာရီအချိန်တွင် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။






နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ကျင်းပ
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကော်မတီသို့ တင်သွင်းမည့် CEDAW အစီရင်ခံစာရေးသား ပြုစုနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR